• Follow Us on

Home ICJမွာ ျမန္မာနိုင္ငံထြက္ဆိုရမယ့္ရက္ကို ၆ လ ေနာက္ဆုတ္ေပး

ICJမွာ ျမန္မာနိုင္ငံထြက္ဆိုရမယ့္ရက္ကို ၆ လ ေနာက္ဆုတ္ေပး

Share this post

The Hague၊ ေမ ၂၆

ျမန္မာနိုင္ငံကို လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားက်ဴးလြန္ခဲ့ေၾကာင္း ဂမ္ဘီယာနိုင္ငံက နိုင္ငံတကာတရား႐ုံး ICJ တြင္ စြဲခ်က္တင္ထားသည့္အတြက္ ျမန္မာနိုင္ငံဘက္က အခ်က္အလက္ထြက္ဆိုခ်က္ေပးရမည့္ရက္ကို လာမည့္ႏွစ္ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီ ၆ ရက္ကေန ဇူလိုင္ ၂၃ ရက္ကို ရက္ေနာက္ဆုတ္ေပးလိုက္ေၾကာင္း ICJ က ယေန႕ထုတ္ျပန္သည္။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးကိုထည့္သြင္းစဥ္းစားၿပီး တရားခြင္ထြက္ဆိုခ်က္ေပးရမည့္အခ်ိန္ကို အနည္းဆုံး ၃ လေနာက္ဆုတ္ေပးရန္ ဧၿပီ ၂၄ ရက္တြင္ ဂမ္ဘီယာနိုင္ငံကိုယ္စားလွယ္က စာပို႔ေတာင္းဆိုခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

ျမန္မာနိုင္ငံကို အလားတူအခ်ိန္ေပးရန္လည္း ဂမ္ဘီယာနိုင္ငံ၏ေတာင္းဆိုစာတြင္ပါ၀င္သည္။

ဂမ္ဘီယာ၏ေတာင္းဆိုခ်က္ႏွင့္ပတ္သက္ၿပီး ျမန္မာနိုင္ငံဘက္က မွတ္ခ်က္ျပဳရန္မရွိေၾကာင္း၊ တရား႐ုံးေတာ္အေနႏွင့္သာ ဂမ္ဘီယာ၏အခ်ိန္ေနာက္ဆုတ္ရန္ ေလွ်ာက္ထားခ်က္သည္ က်ိဳးေၾကာင္းကိုက္ညီမႈရွိ၊ မရွိဆုံးျဖတ္သင့္ေၾကာင္း ျမန္မာနိုင္ငံကိုယ္စားလွယ္က ဧၿပီ ၂၈ ရက္တြင္ အေၾကာင္းျပန္ခဲ့သည္။

ၿပီးခဲ့သည့္နို၀င္ဘာလလယ္တြင္ ျမန္မာနိုင္ငံကို ဂမ္ဘီယာနိုင္ငံက တရားစြဲခဲ့ၿပီး ၿပီးခဲ့သည့္ဒီဇင္ဘာတြင္ ျမန္မာႏွင့္ဂမ္ဘီယာ ႏွစ္ဖက္အျပန္အလွန္ေလွ်ာက္လဲခ်က္ေပးခဲ့ရသည္။

#PeopleMedia

[Unicode]
ICJမှာ မြန်မာနိုင်ငံထွက်ဆိုရမယ့်ရက်ကို ၆ လ နောက်ဆုတ်ပေး
………………………………………………………..

The Hague၊ မေ ၂၆

မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး ICJ တွင် စွဲချက်တင်ထားသည့်အတွက် မြန်မာနိုင်ငံဘက်က အချက်အလက်ထွက်ဆိုချက်ပေးရမည့်ရက်ကို လာမည့်နှစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်ကနေ ဇူလိုင် ၂၃ ရက်ကို ရက်နောက်ဆုတ်ပေးလိုက်ကြောင်း ICJ က ယနေ့ထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကိုထည့်သွင်းစဉ်းစားပြီး တရားခွင်ထွက်ဆိုချက်ပေးရမည့်အချိန်ကို အနည်းဆုံး ၃ လနောက်ဆုတ်ပေးရန် ဧပြီ ၂၄ ရက်တွင် ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်က စာပို့တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါ၀င်သည်။

မြန်မာနိုင်ငံကို အလားတူအချိန်ပေးရန်လည်း ဂမ်ဘီယာနိုင်ငံ၏တောင်းဆိုစာတွင်ပါ၀င်သည်။

ဂမ်ဘီယာ၏တောင်းဆိုချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က မှတ်ချက်ပြုရန်မရှိကြောင်း၊ တရားရုံးတော်အနေနှင့်သာ ဂမ်ဘီယာ၏အချိန်နောက်ဆုတ်ရန် လျှောက်ထားချက်သည် ကျိုးကြောင်းကိုက်ညီမှုရှိ၊ မရှိဆုံးဖြတ်သင့်ကြောင်း မြန်မာနိုင်ငံကိုယ်စားလှယ်က ဧပြီ ၂၈ ရက်တွင် အကြောင်းပြန်ခဲ့သည်။

ပြီးခဲ့သည့်နို၀င်ဘာလလယ်တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာတွင် မြန်မာနှင့်ဂမ်ဘီယာ နှစ်ဖက်အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ရသည်။

#PeopleMedia


Share this post