ICJ တရား႐ုံး၌ ျမန္မာႏုိင္ငံကုိ ေမာ္ဒုိက္ႏုိင္ငံမွ ဘဂၤါလီအေရးႏွင့္ ပတ္သက္၍ တရားစြဲဆုိမည္

PUBLISHED - February 27, 2020
ဂ်ီနီဗာ၊ ေဖေဖာ္ဝါရီ ၂၆
ရက္စက္မႈေတြခံခဲ့ရတဲ့ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြကို ေထာက္ခံတဲ့အေနနဲ႔ ျမန္မာ ႏိုင္ငံကို ႏိုင္ငံတကာတရား႐ံုး (ICJ) မွာ ၾကားျဖတ္ေၾကညာမႈတင္သြင္းသြားမယ္ဆိုတဲ့ ေမာ္ဒိုက္အစိုးရ ရဲ႕ ဆံုးျဖတ္ခ်က္ကို ေမာ္ဒိုက္ႏိုင္ငံျခားေရး၀န္ႀကီးအဗၺဒူလာ ႐ွာဟစ္ကေၾကညာခဲ့ပါတယ္။
အဂၤါေန႔က ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွာ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၊ ၄၃ ႀကိမ္ေျမာက္ အစည္းအေ၀းမွာ မိန္႔ခြန္းေျပာစဥ္ ထည့္သြင္းေၾကညာလိုက္တာပါ။
ျမန္မာႏိုင္ငံအေနနဲ႔ ၾကားျဖတ္ႀကိဳတင္ကာကြယ္ေရးအစီအစဥ္ေတြကိုလိုက္နာဖို႔ ဇန္နဝါရီမွာ အိုင္စီေဂ် က အမိန္႔ခ်ခဲ့တာကို ေမာ္ဒိုက္အစိုးရကႀကိဳဆိုတယ္လို႔ေျပာခဲ့ပါတယ္။
“ၿပီးခဲ့တဲ့ႏွစ္က မကၠာမွာက်င္းပခဲ့တဲ့ OICအစည္းအေ၀းရဲ႕ဆံုးျဖတ္ခ်က္ေတြနဲ႔အညီ ဘဂၤါလီ(မူရင္းတြင္ ႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြကို လူမ်ိဳးတုန္းသတ္ျဖတ္ရာမွာပါ၀င္ပတ္သက္သူေတြတာ၀န္ခံမႈ႐ွိလာဖို႔ လက္႐ွိအားထုတ္မႈေတြကိုေထာက္ခံဖို႔ ေမာ္ဒိုက္ႏိုင္ငံက ရည္႐ြယ္ပါတယ္” လို႔ ၀န္ႀကီး႐ွာဟစ္က ေျပာ ခဲ့ပါတယ္။
“ေမာ္ဒိုက္အစိုးရအဖြဲ႕က အိုင္စီေဂ်မ်က္ေမွာက္မွာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြကို ေထာက္ခံတဲ့အေနနဲ႔ ျပင္းျပင္းထန္ထန္ၾကားျဖတ္ရပ္တည္ေပးဖို႔ ဆံုးျဖတ္လိုက္တယ္။ သင့္ေတာ္တဲ့ အခ်ိန္မွာ စာေရးတိုင္ၾကားၿပီးေတာ့ တရားစြဲမွာပါ”လို႔လည္းေျပာပါတယ္။
ၿပီးခဲ့တဲ့ေမာ္ဒိုက္အစိုးရတုန္းက အၾကမ္းဖက္မႈနဲ႔ကုလသမဂၢက ျပစ္ဒဏ္ခ်မွတ္ထားတဲ့ ေမာ္ဒိုက္သမၼတ ေဟာင္းကို ျပစ္ဒဏ္ကလြတ္ေျမာက္ေအာင္ေလွ်ာက္လဲေပးခဲ့တဲ့ Doughty Street Chambers ဥပေဒ အက်ိဳးေဆာင္အဖြဲ႔က နာမည္ေက်ာ္လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာေ႐ွ႕ေန အာမယ္ကလူနီက ေမာ္ဒိုက္ႏိုင္ငံကိုယ္စားေလွ်ာက္လဲေပးဖို႔လည္း ေမာ္ဒိုက္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေၾကညာခဲ့ပါတယ္။
Source – Maldives to intervene at ICJ in support of Rohingya
#PeopleMedia #Myanmar #ICJ #Maldives
(Unicode)
ICJ တရားရုံး၌ မြန်မာနိုင်ငံကို မော်ဒိုက်နိုင်ငံမှ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ တရားစွဲဆိုမည်
………………………………………………………………………………..
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၆
ရက်စက်မှုတွေခံခဲ့ရတဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို ထောက်ခံတဲ့အနေနဲ့ မြန်မာ နိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ ကြားဖြတ်ကြေညာမှုတင်သွင်းသွားမယ်ဆိုတဲ့ မော်ဒိုက်အစိုးရ ရဲ့ ဆုံးဖြတ်ချက်ကို မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးအဗ္ဗဒူလာ ရှာဟစ်ကကြေညာခဲ့ပါတယ်။
အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းကြေညာလိုက်တာပါ။
မြန်မာနိုင်ငံအနေနဲ့ ကြားဖြတ်ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကိုလိုက်နာဖို့ ဇန်နဝါရီမှာ အိုင်စီဂျေ က အမိန့်ချခဲ့တာကို မော်ဒိုက်အစိုးရကကြိုဆိုတယ်လို့ပြောခဲ့ပါတယ်။
“ပြီးခဲ့တဲ့နှစ်က မက္ကာမှာကျင်းပခဲ့တဲ့ OICအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တွေနဲ့အညီ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)တွေကို လူမျိုးတုန်းသတ်ဖြတ်ရာမှာပါဝင်ပတ်သက်သူတွေတာဝန်ခံမှုရှိလာဖို့ လက်ရှိအားထုတ်မှုတွေကိုထောက်ခံဖို့ မော်ဒိုက်နိုင်ငံက ရည်ရွယ်ပါတယ်” လို့ ဝန်ကြီးရှာဟစ်က ပြော ခဲ့ပါတယ်။
“မော်ဒိုက်အစိုးရအဖွဲ့က အိုင်စီဂျေမျက်မှောက်မှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို ထောက်ခံတဲ့အနေနဲ့ ပြင်းပြင်းထန်ထန်ကြားဖြတ်ရပ်တည်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သင့်တော်တဲ့ အချိန်မှာ စာရေးတိုင်ကြားပြီးတော့ တရားစွဲမှာပါ”လို့လည်းပြောပါတယ်။
ပြီးခဲ့တဲ့မော်ဒိုက်အစိုးရတုန်းက အကြမ်းဖက်မှုနဲ့ကုလသမဂ္ဂက ပြစ်ဒဏ်ချမှတ်ထားတဲ့ မော်ဒိုက်သမ္မတ ဟောင်းကို ပြစ်ဒဏ်ကလွတ်မြောက်အောင်လျှောက်လဲပေးခဲ့တဲ့ Doughty Street Chambers ဥပဒေ အကျိုးဆောင်အဖွဲ့က နာမည်ကျော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှေ့နေ အာမယ်ကလူနီက မော်ဒိုက်နိုင်ငံကိုယ်စားလျှောက်လဲပေးဖို့လည်း မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။
Source – Maldives to intervene at ICJ in support of Rohingya
#PeopleMedia #Myanmar #ICJ #Maldives