ICJ တြင္ ေဒၚေအာင္ဆန္းစုၾကည္လိမ္လည္ထြက္ဆိုဟုု ဘဂၤါလီဒုကၡသည္မ်ား စြပ္စြဲ

PUBLISHED - December 12, 2019
ႏိုင္ငံတကာတရားခံုး႐ုံး(ICJ)ရဲ႕ ၾကားနာစစ္ေဆးမႈမွာ ေဒၚေအာင္ဆန္းစုၾကည္ လိမ္ညာခဲ့တယ္လို႔ ဘဂၤါလီဒုကၡ သည္ေတြက စြပ္စြဲေျပာၾကားလိုက္ပါတယ္။
ျမန္မာႏုိင္ငံ၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီဇင္ဘာ ၁၁ ရက္ေန႔က ICJ မွာ ဘဂၤါလီလူမ်ိဳး တုန္းသတ္ျဖတ္မႈနဲ႔ပတ္သက္ၿပီး ေလွ်ာက္လဲခ်က္ေပးရာမွာ ၄င္းတို႔ စစ္တပ္အေနနဲ႔ လူမိ်ဳးတုန္းသတ္ျဖတ္မႈ မရွိခဲ့ဘူးလို႔ ျငင္းဆိုသြားခဲ့တာျဖစ္ပါတယ္။
“လူမ်ိဳးတုန္းသတ္ျဖတ္မႈမရွိဘူးလို႔ ေျပာၾကားခ်က္ကို ကမၻာႀကီးက သက္ေသအေထာက္အထားနဲ႔ စီရင္ခ်က္မွတ္ ပါလိမ့္မယ္” လို႔ Arakan Rohingya Society for Peace and Human Rights အဖြဲ႕ ဥကၠဌ မိုဟာမက္ မိုဟီဘူလာက AP သတင္းဌာနကို ေျပာပါတယ္။
“သူခိုးက ခိုးတယ္လို႔ ၀န္မခံပါဘူး။ ဒါေပမယ့္ တရားမွ်တမႈဟာ သက္ေသအေထာက္အထားနဲ႔ ေဆာင္ၾကဥ္းလာ ပါလိမ့္မယ္” ၄င္းက ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္လိမ္လည္ခဲ့ရင္ေတာင္မွ လြတ္ေျမာက္မွာမဟုတ္ပါဘူး။ တရားစီရင္မႈကို သူ က်ိန္းေသ ရင္ဆိုင္ရမွာပါလို႔လည္း မိုဟီဘူလာက ေျပာၾကားခဲ့ပါတယ္။
Ref; AP
(Unicode)
ICJ တွင် ဒေါ်အောင်ဆန်းစုကြည်လိမ်လည်ထွက်ဆိုဟု ဘင်္ဂါလီဒုက္ခသည်များ စွပ်စွဲ
………………………………………………………………
နိုင်ငံတကာတရားခုံးရုံး(ICJ)ရဲ့ ကြားနာစစ်ဆေးမှုမှာ ဒေါ်အောင်ဆန်းစုကြည် လိမ်ညာခဲ့တယ်လို့ ဘင်္ဂါလီဒုက္ခ သည်တွေက စွပ်စွဲပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က ICJ မှာ ဘင်္ဂါလီလူမျိုး တုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး လျှောက်လဲချက်ပေးရာမှာ ၄င်းတို့ စစ်တပ်အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု မရှိခဲ့ဘူးလို့ ငြင်းဆိုသွားခဲ့တာဖြစ်ပါတယ်။
“လူမျိုးတုန်းသတ်ဖြတ်မှုမရှိဘူးလို့ ပြောကြားချက်ကို ကမ္ဘာကြီးက သက်သေအထောက်အထားနဲ့ စီရင်ချက်မှတ် ပါလိမ့်မယ်” လို့ Arakan Rohingya Society for Peace and Human Rights အဖွဲ့ ဥက္ကဌ မိုဟာမက် မိုဟီဘူလာက AP သတင်းဌာနကို ပြောပါတယ်။
“သူခိုးက ခိုးတယ်လို့ ဝန်မခံပါဘူး။ ဒါပေမယ့် တရားမျှတမှုဟာ သက်သေအထောက်အထားနဲ့ ဆောင်ကြဉ်းလာ ပါလိမ့်မယ်” ၄င်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လိမ်လည်ခဲ့ရင်တောင်မှ လွတ်မြောက်မှာမဟုတ်ပါဘူး။ တရားစီရင်မှုကို သူ ကျိန်းသေ ရင်ဆိုင်ရမှာပါလို့လည်း မိုဟီဘူလာက ပြောကြားခဲ့ပါတယ်။
Ref; AP
#PeopleMedia