• Follow Us on

Home ICJ တရား႐ုံးတြင္ ျမန္မာမွ ရင္ဆိုင္ေျဖရွင္းရသည့္ အမႈ ေရွ႕ေနႏွင့္ တရားသူႀကီး၊ ဥပေဒအႀကံေပးတို႔ တစ္ဦး ခ်င္း ကုန္က်စရိတ္ကို မိတၳီလာအမတ္ ေဒါက္တာေမာင္သင္းက အေသးစိတ္ေမးျမန္းရာ ျပည္ေထာင္စု၀န္ႀကီး က လႊတ္ေတာ္တြင္ မေျဖဟုဆို

ICJ တရား႐ုံးတြင္ ျမန္မာမွ ရင္ဆိုင္ေျဖရွင္းရသည့္ အမႈ ေရွ႕ေနႏွင့္ တရားသူႀကီး၊ ဥပေဒအႀကံေပးတို႔ တစ္ဦး ခ်င္း ကုန္က်စရိတ္ကို မိတၳီလာအမတ္ ေဒါက္တာေမာင္သင္းက အေသးစိတ္ေမးျမန္းရာ ျပည္ေထာင္စု၀န္ႀကီး က လႊတ္ေတာ္တြင္ မေျဖဟုဆို

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၁၅

ICJ တရား႐ုံးတြင္ ျမန္မာမွ ရင္ဆိုင္ေျဖရွင္းရသည့္ အမႈ ေရွ႕ေနႏွင့္ တရားသူႀကီး၊ ဥပေဒအႀကံေပးတို႔ တစ္ဦး ခ်င္းကုန္က်စရိတ္ကို မိတၳီလာအမတ္ေဒါက္တာေမာင္သင္းက အေသးစိတ္ေမးျမန္းရာ လႊတ္ေတာ္တြင္ မေျဖဆို ဘဲ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္အဖြဲ႕ အစစ္ေဆးခံယူသြားမည္ျဖစ္ေၾကာင္းသာ အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ကေျပာသည္။

ေနျပည္ေတာ္တြင္ က်င္းပသည့္ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ ၁၇ ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း တတိယ ေန႔ ဇူလိုင္ ၁၅ ရက္တြင္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္ တင့္က ေျပာၾကားခဲ့သည္။

“ပထမအခ်က္ျဖစ္တဲ့ အိုင္စီေဂ်မွာ တရားရင္ဆိုင္ျခင္းကိစၥဟာ ႏိုင္ငံေတာ္နဲ႔ျပည္သူတစ္ရပ္လုံးရဲ႕ အက်ိဳးစီးပြား ႏိုင္ငံေတာ္ရဲ႕ပုံရိပ္တို႔နဲ႔ သက္ဆိုင္တဲ့ အေရးႀကီးကိစၥျဖစ္တဲ့အတြက္ တရားရင္ဆိုင္ရာမွာ ကုန္က်တဲ့ေရွ႕ေနမ်ား ငွားရမ္းျခင္း၊ ဥပေဒအႀကံေပးမ်ားခန္႔အပ္ျခင္းစတဲ့ အသုံးစရိတ္ေတြဟာ ႏိုင္ငံေတာ္ရဲ႕ ဘ႑ာေငြက က်ခံသုံးစြဲ ရတဲ့ ကိစၥျဖစ္ပါတယ္။ ဒါ့အျပင္ ဒီအသုံးစရိတ္ေတြဟာ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္အဖြဲ႕ရဲ႕ အစစ္ေဆးခံမႈကို လည္း ခံယူသြားမွာျဖစ္ပါတယ္။ ဒါေပမဲ့ အိုင္စီေဂ်မွာ ရင္ဆိုင္ေနရတဲ့အမႈအတြက္ မိမိတို႔ငွားရမ္းထားတဲ့ႏိုင္ငံကာ ေရွ႕ေနႀကီးမ်ားရဲ႕၀င္ေငြ၊ အခေၾကးေငြမ်ား၊ အသုံးစရိတ္မ်ားကို အေသးစိတ္ထုတ္ေဖာ္ေျပာၾကားျခင္းမျပဳရန္ က်င့္၀တ္ကိုလိုက္နာရန္ တာ၀န္လည္းရွိပါတယ္။ ICJ မွာ တရားရင္ဆိုင္ရာမွာ ကုန္က်ရတဲ့အသုံးစရိတ္ရွင္းတမ္း ၊ ခရီးစရိတ္ကုန္က်ေငြနဲ႔ ေလးလံပစၥည္းသယ္ယူခေတြရဲ႕ အေသးစိတ္ရွင္းတမ္းေတြကို ဘ႑ာေရးစည္းမ်ဥ္း လုပ္ထုံးလုပ္နည္းနဲ႔အညီ စာရင္းစစ္အဖြဲ႕မွာ စစ္ေဆးခံသြားမွာျဖစ္လို႔ ျပည္သူ႔လႊတ္ေတာ္မွာေတာ့ သီးျခားရွင္း လင္းတင္ျပရန္ အစီအစဥ္မရွိပါေၾကာင္း ေလးစားစြာရွင္းလင္းတင္ျပအပ္ပါတယ္ခင္ဗ်ာ’’ဟု ၎ကေျပာသည္။

မိတၳီလာမဲဆႏၵနယ္မွ ေဒါက္တာေမာင္သင္း၏ ျမန္မာႏိုင္ငံအေပၚအျပည္ျပည္ဆိုင္ရာတရား႐ုံးတြင္ ဂမ္ဘီယာ ႏိုင္ငံက တရားလိုျပဳလုပ္၍တရားစြဲဆိုမႈကို ရင္ဆိုင္ေျဖရွင္းရာတြင္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ႏိုင္ငံျခားေရး ဦးစီးဌာနမွ လုပ္အားအတြက္ကုန္က်စရိတ္အျဖစ္ ၂၀၁၉-၂၀၂၀ဘ႑ႏွစ္ျဖည့္စြက္ ခြင့္ျပဳေငြေတာင္းခံသည့္ လိုေငြ က်ပ္သန္း ၆၈၀ ေတာင္းခံရာတြင္ ကြ်မ္းက်င္ပညာရွင္ေရွ႕ေနမ်ားငွားရမ္းျခင္း၊ သီးသန္႔တရားသူႀကီးငွား ရမ္းျခင္း၊ ဥပေဒအႀကံေပးမ်ားခန္႔အပ္ျခင္းအား တစ္ဦးခ်င္းစီအလိုက္မည္မွ်ကုန္က်သည္ကို အေသးစိတ္ရွင္း လင္းေပးရန္အစီအစဥ္ရွိ၊ မရွိႏွင့္ ခရီးစရိတ္ကုန္က်ေငြႏွင့္ ေလးလံပစၥည္းသယ္ယူစရိတ္မ်ားအတြက္ က်ပ္ ၃၅၁ ဒသမ ၆၀၀ သန္းကိုလည္း စနစ္တက်အေသးစိတ္စိစစ္ ရွင္းလင္းေပးရန္ အစီအစဥ္ရွိ၊ မရွိ ေမးခြန္းအေပၚ ေျဖၾကားခဲ့ျခင္းျဖစ္သည္“ ၀န္ႀကီးရဲ႕ ေျဖၾကားခ်က္အရ မိမိတို႔ငွားရမ္းထားတဲ့ေရွ႕ေနမ်ားနဲ႔ တရားသူႀကီး ဥပေဒ အႀကံေပး အသုံးစရိတ္မ်ားကို အေသးစိတ္ထုတ္ေဖာ္ျခင္းမျပဳရန္ က်င့္၀တ္သိကၡာကို လိုက္နာရမယ္ဆိုတာ လည္းနားလည္ပါတယ္။ ကြ်န္ေတာ္တို႔ႏိုင္ငံကိုတရားစြဲလို႔ ေရွ႕ေနႀကီးမ်ားငွားရမ္းတာကို ျပည္သူမ်ားကလက္ခံပါ တယ္။ ဒါေပမဲ့ ျပည္သူ႔ဘ႑ာေငြျဖစ္လို႔ ဘာေတြ၊ ဘယ္ေလာက္သု႔းတယ္ဆိုတာကိုေတာ့ က်င့္၀တ္အရ ျပည္သူေတြ သိသင့္၊ သိထိုက္တယ္လို႔ ျမင္ပါတယ္။ မရွင္းျပႏိုင္ဘူးဆိုတာ သဘာ၀က်ပါရဲ႕လား’’ဟု မိတၳီလာျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမာင္သင္းက ဆက္စပ္ေမးခြန္းထပ္မံေျပာၾကားခဲ့သည္။

#PeopleMedia

(unicode)
ICJ တရားရုံးတွင် မြန်မာမှ ရင်ဆိုင်ဖြေရှင်းရသည့် အမှု ရှေ့နေနှင့် တရားသူကြီး၊ ဥပဒေအကြံပေးတို့ တစ်ဦး ချင်း ကုန်ကျစရိတ်ကို မိတ္ထီလာအမတ် ဒေါက်တာမောင်သင်းက အသေးစိတ်မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး က လွှတ်တော်တွင် မဖြေဟုဆို
……………………………………………………

နေပြည်တော်၊ ဇူလိုင် ၁၅

ICJ တရားရုံးတွင် မြန်မာမှ ရင်ဆိုင်ဖြေရှင်းရသည့် အမှု ရှေ့နေနှင့် တရားသူကြီး၊ ဥပဒေအကြံပေးတို့ တစ်ဦး ချင်းကုန်ကျစရိတ်ကို မိတ္ထီလာအမတ်ဒေါက်တာမောင်သင်းက အသေးစိတ်မေးမြန်းရာ လွှတ်တော်တွင် မဖြေဆို ဘဲ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖွဲ့ အစစ်ဆေးခံယူသွားမည်ဖြစ်ကြောင်းသာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ကပြောသည်။

နေပြည်တော်တွင် ကျင်းပသည့်ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ ဇူလိုင် ၁၅ ရက်တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်က ပြောကြားခဲ့သည်။

“ပထမအချက်ဖြစ်တဲ့ အိုင်စီဂျေမှာ တရားရင်ဆိုင်ခြင်းကိစ္စဟာ နိုင်ငံတော်နဲ့ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွား နိုင်ငံတော်ရဲ့ပုံရိပ်တို့နဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စဖြစ်တဲ့အတွက် တရားရင်ဆိုင်ရာမှာ ကုန်ကျတဲ့ရှေ့နေများ ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများခန့်အပ်ခြင်းစတဲ့ အသုံးစရိတ်တွေဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေက ကျခံသုံးစွဲ ရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့အပြင် ဒီအသုံးစရိတ်တွေဟာ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖွဲ့ရဲ့ အစစ်ဆေးခံမှုကို လည်း ခံယူသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အိုင်စီဂျေမှာ ရင်ဆိုင်နေရတဲ့အမှုအတွက် မိမိတို့ငှားရမ်းထားတဲ့နိုင်ငံကာ ရှေ့နေကြီးများရဲ့ဝင်ငွေ၊ အခကြေးငွေများ၊ အသုံးစရိတ်များကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမပြုရန် ကျင့်ဝတ်ကိုလိုက်နာရန် တာဝန်လည်းရှိပါတယ်။ ICJ မှာ တရားရင်ဆိုင်ရာမှာ ကုန်ကျရတဲ့အသုံးစရိတ်ရှင်းတမ်း ၊ ခရီးစရိတ်ကုန်ကျငွေနဲ့ လေးလံပစ္စည်းသယ်ယူခတွေရဲ့ အသေးစိတ်ရှင်းတမ်းတွေကို ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနဲ့အညီ စာရင်းစစ်အဖွဲ့မှာ စစ်ဆေးခံသွားမှာဖြစ်လို့ ပြည်သူ့လွှတ်တော်မှာတော့ သီးခြားရှင်း လင်းတင်ပြရန် အစီအစဉ်မရှိပါကြောင်း လေးစားစွာရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျာ’’ဟု ၎င်းကပြောသည်။

မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၏ မြန်မာနိုင်ငံအပေါ်အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာ နိုင်ငံက တရားလိုပြုလုပ်၍တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဦးစီးဌာနမှ လုပ်အားအတွက်ကုန်ကျစရိတ်အဖြစ် ၂၀၁၉-၂၀၂၀ဘဏ္ဍနှစ်ဖြည့်စွက် ခွင့်ပြုငွေတောင်းခံသည့် လိုငွေ ကျပ်သန်း ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင်ပညာရှင်ရှေ့နေများငှားရမ်းခြင်း၊ သီးသန့်တရားသူကြီးငှား ရမ်းခြင်း၊ ဥပဒေအကြံပေးများခန့်အပ်ခြင်းအား တစ်ဦးချင်းစီအလိုက်မည်မျှကုန်ကျသည်ကို အသေးစိတ်ရှင်း လင်းပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်းသယ်ယူစရိတ်များအတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းကိုလည်း စနစ်တကျအသေးစိတ်စိစစ် ရှင်းလင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်“ ဝန်ကြီးရဲ့ ဖြေကြားချက်အရ မိမိတို့ငှားရမ်းထားတဲ့ရှေ့နေများနဲ့ တရားသူကြီး ဥပဒေ အကြံပေး အသုံးစရိတ်များကို အသေးစိတ်ထုတ်ဖော်ခြင်းမပြုရန် ကျင့်ဝတ်သိက္ခာကို လိုက်နာရမယ်ဆိုတာ လည်းနားလည်ပါတယ်။ ကျွန်တော်တို့နိုင်ငံကိုတရားစွဲလို့ ရှေ့နေကြီးများငှားရမ်းတာကို ပြည်သူများကလက်ခံပါ တယ်။ ဒါပေမဲ့ ပြည်သူ့ဘဏ္ဍာငွေဖြစ်လို့ ဘာတွေ၊ ဘယ်လောက်သု့းတယ်ဆိုတာကိုတော့ ကျင့်ဝတ်အရ ပြည်သူတွေ သိသင့်၊ သိထိုက်တယ်လို့ မြင်ပါတယ်။ မရှင်းပြနိုင်ဘူးဆိုတာ သဘာဝကျပါရဲ့လား’’ဟု မိတ္ထီလာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဆက်စပ်မေးခွန်းထပ်မံပြောကြားခဲ့သည်။

#PeopleMedia


Share this post