• Follow Us on

Home ICJ တရား႐ုံး၌ တပ္မေတာ္ေခါင္းေဆာင္မ်ားအား တရားစြဲဆုိထားမႈကုိ ႀကိဳဆုိေၾကာင္း ျပည္တြင္းအင္အားစု အခ်ဳိ႕ UN ႐ုံးသုိ႔ စာပုိ႔

ICJ တရား႐ုံး၌ တပ္မေတာ္ေခါင္းေဆာင္မ်ားအား တရားစြဲဆုိထားမႈကုိ ႀကိဳဆုိေၾကာင္း ျပည္တြင္းအင္အားစု အခ်ဳိ႕ UN ႐ုံးသုိ႔ စာပုိ႔

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၁

ICJ တရား႐ုံး၌ တပ္မေတာ္ေခါင္းေဆာင္မ်ား တရားစြဲဆုိထားမႈအေပၚ ႀကိဳဆုိေၾကာင္း ေထာက္ခံသည့္ စာကုိ ျပည္တြင္းအရပ္ဘက္အင္အားစုအခ်ဳိ႕က ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ႐ုံး (UN) သို႔ သြားေရာက္ေပးပုိ႔ခဲ့သည္။

ယခုလ ၁၀ရက္က က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔တြင္ ျမန္မာနိုင္ငံ၌ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနေသာ စစ္ေခါင္းေဆာင္မ်ားအား ဂမ္ဘီယာနိုင္ငံမွ ICJ တြင္ တရားစြဲဆိုမႈအေပၚ ႀကိဳဆိုေၾကာင္း ကုလသမဂၢ႐ုံး (UN) သို႔ စာသြားေရာက္ေပးပို႔ခဲ့ၾကျခင္းျဖစ္သည္။

ျပည္တြင္းအင္အားစုမ်ားျဖစ္ေသာ လူ႔ေဘာင္သစ္လူငယ္ YNS၊ ဒီမိုကေရစီ၊ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသမီးအဖြဲ႕၊ ကရင္အမ်ိဳးသမီးအစည္းအ႐ုံးႏွင့္ တိုင္းရင္းသားလယ္သမားမ်ားအစည္းအ႐ုံးတုိ႔မွ ပူးေပါင္းၿပီး ျမန္မာႏုိင္ငံ ဆုိင္ရာ ကုလသမဂၢ႐ုံး (UN) သို႔ စာသြားေရာက္ေပးပုိ႔ခဲ့ျခင္းျဖစ္သည္။

လက္ရွိအခ်ိန္၌ ICJ တရား႐ုံး၌ ျမန္မာႏုိင္ငံအေပၚ တရားစြဲဆုိထားမႈအား ႏုိင္ငံေတာ္အတုိင္ပင္ခံေဒၚေအာင္ဆန္း စုၾကည္ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႔မွ သြားေရာက္ေျဖရွင္းလွ်က္ရွိသည္။

ထုိ႔အတူ ရခုိင္ျပည္နယ္ေျမာက္ ပုိင္း၌ ဘဂၤါလီမ်ား ေနရပ္စြန္႔ခြာမႈ၌ ဦးေဆာင္သည့္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္အပါအဝင္ တပ္မေတာ္အရာ ရွိသုံးဦးကုိ အေမရိကန္မွ ဆန္ရွင္ပိတ္ဆုိ႔အေရးယူေၾကာင္း သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #ICJ #MyanmarArmy

(ျပည္တြင္းျပည္ပ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရးစသည့္ သတင္းမ်ား အသစ္တင္တိုင္း သိရွိရန္ PeopleMedia သတင္းဌာန Page ကို like လုပ္ဖို႔ ေမတၱာရပ္ခံပါတယ္)

(Unicode)
ICJ တရားရုံး၌ တပ်မတော်ခေါင်းဆောင်များအား တရားစွဲဆိုထားမှုကို ကြိုဆိုကြောင်း ပြည်တွင်းအင်အားစု အချို့ UN ရုံးသို့ စာပို့ ………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၁၁

ICJ တရားရုံး၌ တပ်မတော်ခေါင်းဆောင်များ တရားစွဲဆိုထားမှုအပေါ် ကြိုဆိုကြောင်း ထောက်ခံသည့် စာကို ပြည်တွင်းအရပ်ဘက်အင်အားစုအချို့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး (UN) သို့ သွားရောက်ပေးပို့ခဲ့သည်။

ယခုလ ၁၀ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်နေသော စစ်ခေါင်းဆောင်များအား ဂမ်ဘီယာနိုင်ငံမှ ICJ တွင် တရားစွဲဆိုမှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂရုံး (UN) သို့ စာသွားရောက်ပေးပို့ခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းအင်အားစုများဖြစ်သော လူ့ဘောင်သစ်လူငယ် YNS၊ ဒီမိုကရေစီ၊ငြိမ်းချမ်းရေးနှင့် အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံးနှင့် တိုင်းရင်းသားလယ်သမားများအစည်းအရုံးတို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရုံး (UN) သို့ စာသွားရောက်ပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ICJ တရားရုံး၌ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုအား နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ သွားရောက်ဖြေရှင်းလျှက်ရှိသည်။

ထို့အတူ ရခိုင်ပြည်နယ်မြောက် ပိုင်း၌ ဘင်္ဂါလီများ နေရပ်စွန့်ခွာမှု၌ ဦးဆောင်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်အရာ ရှိသုံးဦးကို အမေရိကန်မှ ဆန်ရှင်ပိတ်ဆို့အရေးယူကြောင်း သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #ICJ #MyanmarArmy

(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)


Share this post