• Follow Us on

Home (ICJ) တရားရုံး၌ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမှန်တရားအတွက် ဥပဒေနှင့်အညီ ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်း နေကြသောအဖွဲ့များ ဂုဏ်ပြုကြိုဆိုကြောင်း ဒေါ်သက်သက်ခိုင်ပါတီ ထုတ်ပြန်

(ICJ) တရားရုံး၌ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမှန်တရားအတွက် ဥပဒေနှင့်အညီ ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်း နေကြသောအဖွဲ့များ ဂုဏ်ပြုကြိုဆိုကြောင်း ဒေါ်သက်သက်ခိုင်ပါတီ ထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

(ICJ) တရားရုံး၌ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမှန်တရားအတွက် ဥပဒေနှင့်အညီ ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်း နေကြသောအဖွဲ့များ ဂုဏ်ပြုကြိုဆိုကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဖေဖော်ဝါရီ ၂၃ ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်ပါတယ်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်(The Hague)မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ အမိမြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမှန်တရားအတွက် ဥပဒေနှင့်အညီ ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်းနေကြ သောအဖွဲ့များအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

 

အဆိုပါအပြင် (ICJ) တရားရုံး၌ ရင်ဆိုင်ဖြေရှင်းနေကြသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေ ချုပ် ဒေါ်သီတာဦးနှင့် ကိုယ်စားလှယ်အဖွဲ့အားလည်းကောင်း၊ မြန်မာနိုင်ငံမှနေ၍ online ဖြင့် ဦးဆောင်တက် ရောက်ပါသော နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အဖွဲ့အားလည်းကောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ ဂုဏ်ပြုကြိုဆို၍ အတူတကွ ရပ်တည်ထောက်ခံအပ်ပါကြောင်း ဖော်ပြထားပါတယ်။

 

#PeopleMedia #PPP #ICJ

 

(unicode)


………………………………………………………………

 


 


 


 


 

#PeopleMedia #PPP #ICJ


Share this post