• Follow Us on

Home ICJ တွင်တရားရင်ဆိုင်မည့် မြန်မာနိုင်ငံဘက်မှ ကနေဒါဥပဒေပညာရှင်လိုက်ပါဆောင်ရွက်မှုဟု သတင်းထွက်ပေါ်


Share this post





#PeopleMedia

[Unicode]
ICJ တွင်တရားရင်ဆိုင်မည့် မြန်မာနိုင်ငံဘက်မှ ကနေဒါဥပဒေပညာရှင်လိုက်ပါဆောင်ရွက်မှုဟု သတင်းထွက်ပေါ်
………………………………………………………………………

ဘင်္ဂ ါလီ လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာတရားခုံရုံး ICJ မှာ တရားရင်ဆိုင်မယ့် မြန်မာနိုင်ငံဘက်က ကနေဒါဥပဒေပညာရှင် ပါမောက္ခ ဝီလျံ အေ ချူးဘတ်စ်က လိုက်ပါဆောင်ရွက်ပေးမယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ သတင်းထွက်ပေါ်နေပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က သက်သေခံဓာတ်ပုံအမှန်နဲ့ Facebook အသုံးပြုနေတဲ့ Ougn Marrine အကောင့်ပိုင်ရှင်က အင်တာနက်သတင်းတွေအရ ကိုးကားပြီး အခုလိုဖော်ပြခဲ့တာဖြစ်ပါတယ်။

အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး အမေရိကန်၊ အိုဟိုင်းယိုးပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ပါမောက္ခ ချူးဘတ်စ်ဟာ ကုလစုံစမ်းရေးမစ်ရှင်တွေမှာ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် အစ္စရေး-ပါလက်စတိုင်း တို့ရဲ့ နယ်မြေပိုင်နက်အငြင်းပွားမှုမှာလည်း ဥပဒေပညာရှင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရေးရာမှာလည်း ချူးဘက်စ်ဟာ နိုင်ငံတကာအေ တွ့အကြုံရင့်ပညာရှင်တစ်ဦးဖြစ်ပါတယ်။

#PeopleMedia


Share this post