• Follow Us on

Home ICJ တွင် ကျင်းပပြုလုပ်ခဲ့သည့် ကနဦးကြိုတင်ကန့်ကွက်ခြင်းကြားနာပွဲသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စား လှယ်အဖွဲ့အား ဂုဏ်ပြုကြောင်း န.စ.က ထုတ်ပြန်

ICJ တွင် ကျင်းပပြုလုပ်ခဲ့သည့် ကနဦးကြိုတင်ကန့်ကွက်ခြင်းကြားနာပွဲသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စား လှယ်အဖွဲ့အား ဂုဏ်ပြုကြောင်း န.စ.က ထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၇

 

အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် ကျင်းပပြုလုပ်ခဲ့သည့် ကနဦးကြိုတင်ကန့်ကွက်ခြင်း ကြားနာပွဲသို့ တက် ရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ထုတ်ပြန်ထားသည်။

 

ICJ တွင် ဂမ်ဘီယာနိုင်ငံမှ တင်သွင်းသည့် အမှုအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိကြောင်းနှင့် တရားစွဲဆိုခွင့် မရှိကြောင်းကို မြန်မာကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် နိုင်ငံတကာရှေ့နေများမှ ဥပဒေရှုထောင့်ထိရောက်စွာ ချေပပြောဆိုရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထုတ်ပြန်ထား သည်။

 

မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ဥပဒေအကြောင်းမှ အစွမ်းကုန်ကြိုးစားဆောင်ရွက် ပေးခဲ့ကြသည့် မြန်မာကိုယ်စာလှယ်အဖွဲ့ဝင်များ၊ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် အဘက်ဘက်မှ ကူညီ ပံ့ပိုးခဲ့ကြသူများအားလုံးနှင့် စေတနာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေး ထောက်ခံခဲ့ကြသူများ၊ ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် ရဟန်းရှင်လူပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံ ရေးပါတီများအားလုံးကို နစက အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

အလားတူ မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများကိုလည်း အမှုတွင် ပညာရှင်ပီသစွာ စိတ်ရောကိုယ်ပါ စွမ်းစွမ်းတမံခုခံချေပပေးခဲ့သည့်အတွက်လည်း နစကအနေဖြင့် ကျေးဇူးတင်ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ထား သည်။

 

#PeopleMedia

 

(unicode)

 


…………………………………..

 


 


 


 


 


 

#PeopleMedia


Share this post