• Follow Us on

Home ICJ တွင် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံကြောင်း NDF ပါတီ ထုတ်ပြန်

ICJ တွင် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံကြောင်း NDF ပါတီ ထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

 

ICJ တွင် မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားခြင်းအပေါ် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံအပေါ် မတရားအမှုဆင်စွဲဆိုထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုသည့် စွဲဆိုချက်ကို ဒီဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံမှ ဦးကိုကိုလှိုင်နှင့် ဒေါ်သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ် စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းနေမှုကို NDF အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုကြောင်း ထုတ် ပြန်ထားသည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်၏ ပထမဆုံးအဖွင့်လျှောက်လဲချက်သည် ဥပဒေ အ ထောက်အထားခိုင်လုံစွာဖြင့် အများပြည်သူမသိသေးသော ဥပဒေနှင့် မလျော်ညီသည့် တရားစွဲဆိုမှုဖြစ်နေ သဖြင့် တရားစွဲဆိုမှုမမြောက်ကြောင်းကို ဥပေဒေအကြောင်းအချက်များဖြင့် ထိမိစွာ ကမ္ဘာသိချပြနိုင်သည့် အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာရှိမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြတ်သားစွာ ပြသနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

သိက္ခာရှိရှိ ရဲရင့်တည်ကြည်မှန်ကန်စွာဖြင့် အထောက်အထားခိုင်လုံစွာ ဥပဒေအကြောင်းအရ တည့်မှတ်မှန် ကန်စွာ ဒုတိယအကြိမ်မြောက် လျှောက်လဲချက်ကို ပြီးဆုံးသည်ထိတိုင်အောင် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာ နိုင်ငံကိုယ်စားလှယ်အဖွဲ့အား NDF ပါတီမှ လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 

#PeopleMedia


Share this post