• Follow Us on

Home ICJ တွင် သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မတ်လ ၂ ရက်နေ့၌ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်သူထောင်သောင်းချီစွာဖြင့် ကြိုဆိုမည်

ICJ တွင် သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မတ်လ ၂ ရက်နေ့၌ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်သူထောင်သောင်းချီစွာဖြင့် ကြိုဆိုမည်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

 

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်အရေးကိစ္စနှင့် ပတ်သက်ပြီး ICJ တွင် သွားရောက်ဖြေရှင်းနေသည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂ ရက်နေ့၌ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်။

 

အလားတူ မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ပြည်သူများ ထောင်သောင်းချီစွာဖြင့် ကြိုဆိုမည်ကြောင်း သိရသည်။

 

“မတ်လ ၂ ရက်နေ့ ညနေပိုင်း မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်ရောက်ပါမယ်။ နိုင်ငံသူ/သားများ ထောင် သောင်းချီစွာ ကြိုဆိုကြမှာ ဖြစ်ပါတယ်” လို့ ပြည်သူတစ်ဦးက ပြောသည်။

 

ဘင်အရေးကိစ္စနှင့်ပတ်သက်ပြီး ICJ တရားရုံးသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ဖြေရှင်း လျက်ရှိသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post