• Follow Us on

Home ICJ သို့ သွားရောက်ရင်ဆိုင်သည့် အတိုင်ပင်ခံအား ထောက်ခံပွဲကျင်းပသည့် ဦးဆောင်သူများမှ SNLD ပါတီကို ဝန်ချတောင်းပန်


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၁၁








(Unicode)
ICJ သို့ သွားရောက်ရင်ဆိုင်သည့် အတိုင်ပင်ခံအား ထောက်ခံပွဲကျင်းပသည့် ဦးဆောင်သူများမှ SNLD ပါတီကို ဝန်ချတောင်းပန်
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၁၁

တာချီလိတ်မြို့၌ အတိုင်ပင်ခံထောက်ခံပွဲကျင်းပသည့် ဦးဆောင်သူများမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SNLD)ပါတီ၏ပုံရိပ်ကို အလွဲသုံးစားဆောင်ရွက်ခဲ့မှုအပေါ် ယနေ့ အဆိုပါပုဂ္ဂိုလ်များက SNLD ပါတီကို ဝန်ချတောင်းပန်ခဲ့သည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့၌ ကျင်းပခဲ့သည့် အတိုင်ပင်ခံထောက်ခံပွဲ၌ SNLD ပါတီ၏ ပါတီဝင်များ တက်ရောက် ခြင်းမရှိသော်လည်း ပွဲကျင်းပရာ၌ SNLD ပါတီဝင်များအဖြစ် ထောက်ခံပွဲစီစဉ်သူများမှ လူစားထိုးခဲ့သည်။

အဆိုပါ လုပ်ရပ်အပေါ် တာဝန်ရှိသူများ တောင်းပန်ခြင်း မပြုလုပ်လျှင် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း SNLD ပါတီ တွဲဖက်အတွင်းရေးမှူးဦးစိုင်းလိတ်က ပြန်လည်တုန့်ပြန်ခဲ့သည်။

ပွဲစီစဉ်သူများမှ SNLD ပါတီသို့ ဝန်ချတောင်းပန်စာ၌ ရှမ်းတိုင်းရင်းသားများအဖွဲ့ဆိုင်းဘုတ်နှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား အခမ်းအနားစမတင်မှီ ခေတ္တမှားယွင်းကိုင်ဆောင်မိခြင်းသာ ဖြစ်ပါသည်ဟု ဖော်ပြထားသည်။

ထို့နောက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား မှားယွင်းသုံးစွဲမိခဲ့သည့်အတွက် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ထိခိုက်နစ်နာစေပါက နားလည်ခွင့်လွှတ်ပေးပါရန် အထူးပင်မေတ္တာရပ်ခံ တောင်ပန်အပ်ကြောင်း ဖော်ပြထားသည်။

#PeopleMedia #SNLD #NLD #ICJ #Political

(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)


Share this post