IMF နဲ့ ကမ္ဘာ့ဘဏ် အစည်းအဝေးတွေကို ၂၀၂၆ ခုနှစ်မှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်
PUBLISHED - November 29, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉
ထိုင်းနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ နိုင်တကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်ရဲ့ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင် တွေရဲ့ နှစ်ပတ်လည်အစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ကြောင်း The Nation မီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှစ်အလိုက်စီးပွားရေးညွှန်ကြားရေးမှူးရုံးရဲ့ ညွှန်ကြားရေးမှူး ပွန်ချိုင်းထီရာ ဗက်ဂျ်နဲ့ ထိုင်းဗဟိုဘဏ် (BOT) ရဲ့ ကော်ပိုရိတ်ဆက်ဆံရေး လက်ထောက်အုပ်ချုပ်ရေးမှူး ချာယာဝဒီချေယာ နန်တို့က နိုဝင်ဘာလ ၂၈ ရက်နေ့က အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးပြီး နောက်မှာထွက်ပေါ်လာတာဖြစ်ပြီး အခုလိုကျင်းပခွင့်ရတာဟာ ကမ္ဘာပေါ်က အရေးအပါဆုံးစီးပွားရေးနဲ့ ဘဏ္ဍာ ရေးအစည်းအဝေးတွေကို ကျင်းပဖို့ ထိုင်းနိုင်ငံကို ဒုတိယအကြိမ်မြောက် တာဝန်အပ်နှင်းလိုက်တာလည်းဖြစ်ပါ တယ်။
ထိုင်းနိုင်ငံဟာ အခုလို နိုင်တကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစည်းအဝေးတွေကို ၁၉၉၁ ခုနှစ်မှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပါတယ်။
၂၀၂၆ ခုနှစ်မှာကျင်းပမယ့် အဲဒီအစည်းအဝေးတွေကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ က ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေအပါအဝင် လူဦးရေ ၁၂,၀၀၀ ကျော်တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
အစည်းအဝေးတွေအားလုံးအတွက် ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျဆောင်ရွက်နိုင်အောင် အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းဌာနတွေက လုပ်ငန်းကော်မတီအသီးသီးကို တာဝန်ပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။
IMF နဲ့ ကမ္ဘာ့ဘဏ် အစည်းအဝေးတွေဟာ စီးပွားရေးနဲ့ ဘဏ္ဍာရေးအမြင်တွေ၊ မူဝါဒအတွေ့အကြုံတွေ အပြန် အလှန်ဖလှယ်ဖို့နဲ့ ကမ္ဘာ့စီးပွားရေးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဆွေးနွေးဖို့အတွက် စင်မြင့်တစ်ခု အဖြစ် ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းရရှိလာတာဖြစ်ကြောင်း ချာယာဝဒီချေယာနန်က ပြောပါတယ်။
မတူကွဲပြားတဲ့နိုင်ငံအုပ်စုအသီးသီးအတွက် ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုကို ပြုစုပျိုးထောင်နိုင်ရေး ဘဏ္ဍာရေးမူဝါဒတွေနဲ့ နှစ်အလိုက်ဘဏ္ဍာရေးမူဝါဒတွေချမှတ်ရာမှာ ပူးပေါင်းကြိုးပမ်းမှုအတွက် လမ်းကြောင်းတစ်ခုအဖြစ်လည်း အခု အစည်းအဝေးတွေက ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးစင်မြင့်ပေါ်မှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးသွားမယ့်အပြင် အခုကျင်း ပမယ့်အစည်းအဝေးက အစည်းအဝေးကျင်းပနေစဉ်အတွင်းမှာရော အစည်းအဝေးအပြီးနောက်ပိုင်းမှာပါ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းအားကောင်းလာဖို့ မြှင့်တင်ခြင်းနဲ့ ကမ္ဘာလှည့်ခရီးသွားအုပ်စုသစ်တွေကို ဆွဲဆောင်ခြင်း တို့အတွက် ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပံ့ပိုးသွားမှာဖြစ်ပါတယ်။
Ref: Thailand to host IMF-World Bank 2026 conferences
#PeopleMedia