• Follow Us on
Latest News

Home Indra စစ်ရေးလေ့ကျင့်မှုတွင် ရုရှားတပ်ဖွဲ့ဝင်များအတွက် တိုက်ခိုက်ရေး ယာဉ်မှာ အိန္ဒိယမှ ထောက်ပံ့မည်


Share this post





Ref; https://tass.com/


(Unicode)
Indra စစ်ရေးလေ့ကျင့်မှုတွင် ရုရှားတပ်ဖွဲ့ဝင်များအတွက် တိုက်ခိုက်ရေး ယာဉ်မှာ အိန္ဒိယမှ ထောက်ပံ့မည်
………………………………………………………….

Indra-2019 နိုင်ငံတကာ စစ်ရေးလေ့ကျင်မှုမှာပါဝင်မယ့် ရုရှားတပ်ဖွဲ့ဝင်တွေကို အိန္ဒိယက တင့်ကားနဲ့ ခြေလျင် တိုက်ခိုက်ရေးအပါအဝင် တိုက်ခိုက်ရေးယာဉ် ၂၀ ကျော် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ရုရှား-အိန္ဒိယပူးပေါင်းစစ်ရေးလေ့ကျင့်မယ့် Indra စစ်ဆင်ရေးမှာ မြေပြင်စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ အိန္ဒိယ က အခုလို တိုက်ခိုက်ရေးယာဉ်တွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

နှစ်ဖက်စစ်ဘက်ဆိုင်ရာအတွေ့အကြုံတွေကို ဖလှယ်တဲ့အနေနဲ့ ပစ္စတို၊ ရိုင်ဖယ်၊ ရော့ကတ်လောင်ချာနဲ့ မော် တာကျည်ပစ်ခတ်မှုတွေကိုလည်း ကျည်အစစ်တွေနဲ့ ပူးတွဲလေ့ကျင့်ကြမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် အခုစစ်ရေးလေ့ကျင့်မှုမှာ ရုရှားတပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်ပါဝင် မှာဖြစ်ပြီး ကြည်း၊ ရေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref; https://tass.com/

#PeopleMedia #International


Share this post