• Follow Us on

Home INGO နှင့် NGO အဖွဲ့များကို အကူအညီပေးနေသည့်အဖွဲ့အစည်းနိုင်ငံများက အသုံးချနေမှုများရှိဟု နစက ဥက္ကဋ္ဌ ပြောကြား

INGO နှင့် NGO အဖွဲ့များကို အကူအညီပေးနေသည့်အဖွဲ့အစည်းနိုင်ငံများက အသုံးချနေမှုများရှိဟု နစက ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၃၁

 

INGO နှင့် NGO အဖွဲ့များကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

“INGOနဲ့ NGO အဖွဲ့တွေကိုလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေအနေနဲ့ စနစ်တကျကြပ်မတ်ထိန်းသိမ်းဆောင်ရွက်နေဖို့ လိုပါတယ်။ အချို့သော ပြည်ပအကူအညီ တွေဟာ INGO၊ NGO တွေက တစ်ဆင့်မျှဝေဆောင်ရွက်တာဖြစ်တဲ့အတွက် ၎င်းတို့ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်း၊ နိုင်ငံတွေက အသုံးချနေမှုတွေရှိနေပါတယ်” ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။

 

နိုင်ငံနှင့် လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ် ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့် နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်မှုရှိစေရေး၊ တိုင်းပြည်ကောင်းစေရေး အလေး ထားဆောင်ရွက်ကြရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်။

 

#PeopleMedia


Share this post