International Army Games 2019 ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် ကိုယ်စားပြုတပ်ဖွဲ့များ မော်စကို ရောက်ရှိ

PUBLISHED - August 2, 2019
ရုရှနိုင်ငံမှာ သြဂုတ်လ ၃ ရက်နေ့ကစတင် ကျင်းပမယ့် International Army Games 2019 မှာ ပါ ၀င်ယှဉ်ပြိုင်ဖို့မြန်မာ့တပ်မတော် ကိုယ်စားပြု အသင်းတွေဟာ မော်စကို ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ စတင်ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်က အစိမ်းရောင် တင့် ကားတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခုနှစ်မှာတော့ အနီရောင် တင့်ကားတွေနဲ့ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
International Army Games 2019 မှာ မြန်မာ့တပ်မတော်က တင့်တပ်ဖွဲ့၊ စနိုက်ပါ တပ်ဖွဲ့နဲ့ စစ်မြေပြင်ဆေး တပ်ဖွဲ့တွေက ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
၂၀၁၈ ခုနှစ် တင့်ကားပြိုင်ပွဲမှာ မြန်မာ့တပ်မတော်ရဲ့ တင့်တပ်ဖွဲ့ဟာ ပါဝင်ယှဉ်ပြိုင်တဲ့ ၂၃ သုံးနိုင်ငံမှာ နိုင်ငံအလိုက် အဆင့် ၁၆ ရရှိခဲ့ပြီး ဗီယက်နမ်နဲ့လာအိုတို့က အဆင့် ၁၇နဲ့ ၁၈ အသီးသီးရရှိခဲ့ကြပါတယ်။
ရုပ်သံ- ၂၀၁၈ မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ ပြိုင်ပွဲဝင်ခဲ့စဉ်
https://www.facebook.com/1120229281493723/videos/562673457597918/