• Follow Us on

Home International Army Games-2020 ၿပိဳင္ပြဲ၏ Tank Biathlon တင့္ကားေမာင္းႏွင္ ပစ္ခတ္ျခင္းၿပိဳင္ပြဲတြင္ ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕ အႀကိဳဗိုလ္လုပြဲ၌ ပထမရရွိ၊ ဗိုလ္လုပြဲ ဆက္လက္ယွဉ္ၿပိဳင္မည္

International Army Games-2020 ၿပိဳင္ပြဲ၏ Tank Biathlon တင့္ကားေမာင္းႏွင္ ပစ္ခတ္ျခင္းၿပိဳင္ပြဲတြင္ ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕ အႀကိဳဗိုလ္လုပြဲ၌ ပထမရရွိ၊ ဗိုလ္လုပြဲ ဆက္လက္ယွဉ္ၿပိဳင္မည္

Share this post

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂

ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕အေနျဖင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ ဩဂုတ္ ၂၃ ရက္မွ စတင္၍ က်င္းပျပဳလုပ္လ်က္ရွိသည့္ International Army Games-2020 ၿပိဳင္ပြဲတြင္ပါဝင္ေသာ တင့္ကားေမာင္းႏွင္ပစ္ခတ္ျခင္းၿပိဳင္ပြဲ (Tank Biathlon) ၌ ဝင္ေရာက္ယွဉ္ၿပိဳင္လွ်က္ရွိၿပီး စက္တင္ဘာ ၁ ရက္တြင္ အႀကိဳဗိုလ္လုပြဲျဖစ္ေသာ လက္ဆင့္ကမ္း ေမာင္းႏွင္ပစ္ခတ္ျခင္းၿပိဳင္ပြဲ (Relay Race) ပြဲစဉ္(၁)ကို အာဆီယံေဒသတြင္းၿပိဳင္ဘက္အသင္းျဖစ္သည့္ ဗီယက္နမ္တင့္တပ္ဖြဲ႕ႏွင့္ယွဉ္ၿပိဳင္ခဲ့ရာ ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕က ၿပိဳင္ပြဲဝင္စံခ်ိန္ ၂ နာရီ ၁၈ မိနစ္ ၄ စကၠန္႔ျဖင့္ ပထမေနရာမွ ပန္းဝင္ခဲ့သျဖင့္ ဗိုလ္လုပြဲအဆင့္သို႔ ထိုက္တန္စြာ တက္ေရာက္ႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕အေနျဖင့္ အုပ္စုပြဲမ်ားအျဖစ္ တစ္စီးခ်င္းေမာင္းႏွင္ပစ္ခတ္ျခင္းၿပိဳင္ပြဲ ( Individual Race) တြင္ ဗီယက္နမ္၊ ကာတာ၊ ေတာင္ေအာ့စက္တီယာ အသင္းမ်ားႏွင့္အတူယွဉ္ၿပိဳင္ခဲ့ၿပီး ဩဂုတ္ ၂၄ ရက္တြင္ တိုက္ယာဉ္အဖြဲ႕(၁)က ၿပိဳင္ပြဲဝင္စံခ်ိန္ ၃၆ : ၂၇ မိနစ္ျဖင့္ တတိယေနရာ၌ လည္းေကာင္း၊ ဩဂုတ္ ၂၈ ရက္တြင္ တိုက္ယာဉ္အဖြဲ႕(၂)က ၿပိဳင္ပြဲဝင္စံခ်ိန္ ၄၂:၄၃ မိနစ္ျဖင့္ ဒုတိယေနရာ၌လည္းေကာင္း၊ ဩဂုတ္ ၂၉ ရက္တြင္ တိုက္ယာဉ္အဖြဲ႕(၃)က ၿပိဳင္ပြဲဝင္စံခ်ိန္ ၃၃ : ၃၉ မိနစ္ျဖင့္ ပထမေနရာ၌လည္းေကာင္း အသီးသီးပန္းဝင္ခဲ့ၿပီး တစ္စီးခ်င္းေမာင္းႏွင္ပစ္ခတ္ျခင္းၿပိဳင္ပြဲ ( Individual Race) တြင္ တိုက္ယာဉ္အဖြဲ႕ ၃ ဖြဲ႕ေပါင္းစံခ်ိန္ ၁ နာရီ ၅၂ မိနစ္ ၄၉ စကၠန္႔ ျဖင့္ အုပ္စု(၂)အသင္း ၈ သင္းတြင္ အဆင့္ ၄ ရရွိ၍ တာဂ်စ္ကစၥတန္၊ ဗီယက္နမ္၊ လာအို၊ ကြန္ဂို အသင္းတို႔ႏွင့္အတူ အႀကိဳဗိုလ္လုပြဲသို႔ တက္ေရာက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

အႀကိဳဗိုလ္လုပြဲအျဖစ္ လက္ဆင့္ကမ္းေမာင္းႏွင္ပစ္ခတ္ျခင္းၿပိဳင္ပြဲ ( Relay Race) ကို မိုင္ကုန္ေမာင္းႏွင္၍စံခ်ိန္ယူျခင္း၊ ၁၂၅ မမအေျမာက္အား ေမာင္းလ်က္က်ည္ ၃ ေတာင့္ ပစ္ခတ္ျခင္း၊ ၁၂ ဒသမ ၇ မမ ေလယာဉ္ပစ္ စက္ေသနတ္က်ည္ ၂၀ ေတာင့္ ရပ္လ်က္ပစ္ခတ္ျခင္း၊ ၇ ဒသမ ၆၂ မမ ယွဉ္တြဲစက္ေသနတ္က်ည္ ၃၀ ေတာင့္ ရပ္လ်က္ပစ္ခတ္ျခင္းတို႔ကို ေမာင္းႏွင္ယွဉ္ၿပိဳင္ရမည့္ပတ္လမ္းပုံစံ ၄ ခုအနက္မွ မဲႏႈိက္၍ က်ရာပတ္လမ္းတြင္ ယွဉ္ၿပိဳင္ခဲ့ၿပီး ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕အေနျဖင့္ အႀကိဳဗိုလ္လုပြဲကို စက္တင္ဘာ ၁ ရက္တြင္ အာဆီယံေဒသအတြင္း ၿပိဳင္ဖက္အသင္းျဖစ္သည့္ ဗီယက္နမ္ တင့္တပ္ဖြဲ႕ႏွင့္ယွဉ္ၿပိဳင္ခဲ့ရာ ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕က ၿပိဳင္ပြဲဝင္စံခ်ိန္ ၂ နာရီ ၁၈ မိနစ္ ၄ စကၠန္႔ျဖင့္လည္းေကာင္း၊ ဗီယက္နမ္တင့္တပ္ဖြဲ႕က ၿပိဳင္ပြဲဝင္စံခ်ိန္ ၂ နာရီ ၂၃ မိနစ္ ၁၆ စကၠန္႔ျဖင့္လည္းေကာင္း ပန္းဝင္ခဲ့သည္။

အႀကိဳဗိုလ္လုပြဲ လက္ဆင့္ကမ္းေမာင္းႏွင္ပစ္ခတ္ျခင္းၿပိဳင္ပြဲ ( Relay Race) ပြဲစဉ္(၂)ကို တာဂ်စ္ကစၥတန္၊ လာအို၊ ကြန္ဂို ႏိုင္ငံအသင္းမ်ားက ယေန႔(စက္တင္ဘာ ၂ ရက္)တြင္ ယွဉ္ၿပိဳင္သြားမည္ျဖစ္ၿပီး ျမန္မာ့တပ္မေတာ္တင့္တပ္ဖြဲ႕ပါဝင္ယွဉ္ၿပိဳင္မည့္ ဗိုလ္လုပြဲကို စက္တင္ဘာ ၄ ရက္တြင္ ဆက္လက္ယွဉ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(သတင္း-တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး)

#PeopleMedia #တပ္မေတာ္

(unicode)
International Army Games-2020 ပြိုင်ပွဲ၏ Tank Biathlon တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲတွင် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ အကြိုဗိုလ်လုပွဲ၌ ပထမရရှိ၊ ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်မည်
=========================
နေပြည်တော်၊ စက်တင်ဘာ – ၂

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၃ ရက်မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2020 ပြိုင်ပွဲတွင်ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Tank Biathlon) ၌ ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပြီး စက်တင်ဘာ ၁ ရက်တွင် အကြိုဗိုလ်လုပွဲဖြစ်သော လက်ဆင့်ကမ်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ပွဲစဉ်(၁)ကို အာဆီယံဒေသတွင်းပြိုင်ဘက်အသင်းဖြစ်သည့် ဗီယက်နမ်တင့်တပ်ဖွဲ့နှင့်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့သဖြင့် ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အုပ်စုပွဲများအဖြစ် တစ်စီးချင်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Individual Race) တွင် ဗီယက်နမ်၊ ကာတာ၊ တောင်အော့စက်တီယာ အသင်းများနှင့်အတူယှဉ်ပြိုင်ခဲ့ပြီး ဩဂုတ် ၂၄ ရက်တွင် တိုက်ယာဉ်အဖွဲ့(၁)က ပြိုင်ပွဲဝင်စံချိန် ၃၆ : ၂၇ မိနစ်ဖြင့် တတိယနေရာ၌ လည်းကောင်း၊ ဩဂုတ် ၂၈ ရက်တွင် တိုက်ယာဉ်အဖွဲ့(၂)က ပြိုင်ပွဲဝင်စံချိန် ၄၂:၄၃ မိနစ်ဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၉ ရက်တွင် တိုက်ယာဉ်အဖွဲ့(၃)က ပြိုင်ပွဲဝင်စံချိန် ၃၃ : ၃၉ မိနစ်ဖြင့် ပထမနေရာ၌လည်းကောင်း အသီးသီးပန်းဝင်ခဲ့ပြီး တစ်စီးချင်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Individual Race) တွင် တိုက်ယာဉ်အဖွဲ့ ၃ ဖွဲ့ပေါင်းစံချိန် ၁ နာရီ ၅၂ မိနစ် ၄၉ စက္ကန့် ဖြင့် အုပ်စု(၂)အသင်း ၈ သင်းတွင် အဆင့် ၄ ရရှိ၍ တာဂျစ်ကစ္စတန်၊ ဗီယက်နမ်၊ လာအို၊ ကွန်ဂို အသင်းတို့နှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Relay Race) ကို မိုင်ကုန်မောင်းနှင်၍စံချိန်ယူခြင်း၊ ၁၂၅ မမအမြောက်အား မောင်းလျက်ကျည် ၃ တောင့် ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည် ၂၀ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက်သေနတ်ကျည် ၃၀ တောင့် ရပ်လျက်ပစ်ခတ်ခြင်းတို့ကို မောင်းနှင်ယှဉ်ပြိုင်ရမည့်ပတ်လမ်းပုံစံ ၄ ခုအနက်မှ မဲနှိုက်၍ ကျရာပတ်လမ်းတွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၁ ရက်တွင် အာဆီယံဒေသအတွင်း ပြိုင်ဖက်အသင်းဖြစ်သည့် ဗီယက်နမ် တင့်တပ်ဖွဲ့နှင့်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့်လည်းကောင်း၊ ဗီယက်နမ်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၃ မိနစ် ၁၆ စက္ကန့်ဖြင့်လည်းကောင်း ပန်းဝင်ခဲ့သည်။

အကြိုဗိုလ်လုပွဲ လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Relay Race) ပွဲစဉ်(၂)ကို တာဂျစ်ကစ္စတန်၊ လာအို၊ ကွန်ဂို နိုင်ငံအသင်းများက ယနေ့(စက်တင်ဘာ ၂ ရက်)တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ပါဝင်ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို စက်တင်ဘာ ၄ ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်း-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

#PeopleMedia #တပ်မတော်


Share this post