• Follow Us on
Latest News

Home IRIS-T ဒုံးကျည်တွေ အဆင့်မြှင့်တင်ဖို့ Diehl Defence နဲ့ ထိုင်းလေတပ် စာချုပ်လက်မှတ်ရေးထိုး

IRIS-T ဒုံးကျည်တွေ အဆင့်မြှင့်တင်ဖို့ Diehl Defence နဲ့ ထိုင်းလေတပ် စာချုပ်လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၁

 

ထိုင်းလေတပ်မှာအသုံးပြုနေတဲ့ IRIS-T ဒုံးကျည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ မြှင့်တင်ဖို့အတွက် တော် ဝင်ထိုင်းလေတပ် (RTAF) ဟာ ဂျာမန်စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ Diehl Defence (ဒီးလ်ဒဖန့်) နဲ့ ထောက်ပံ့ရေးစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

အဲဒီသဘောတူညီချက်အရ ဒီးလ်ကုမ္ပဏီဟာ ထိုင်းလေတပ်က IRIS-T ဒုံးကျည်တွေအသုံးပြုနေတဲ့ Gripen ဂျက်တိုက်လေယာဉ်၊ F-16 ဂျက်တိုက်လေယာဉ်နဲ့ F-5 ဂျက်တိုက်လေယာဉ်တို့အတွက် ပေါင်းစပ်မှုထောက်ပံ့ ရေး၊ နည်းပညာဆိုင်ရာလော်ဂျစ်စတစ်ထောက်ပံ့ရေးနဲ့ ကျည်စစ်ကျည်မှန်ပစ်ခတ်မှုထောက်ပံ့ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

IRIS-T ဒုံးကျည်ကို ဂျာမနီက ဦးဆောင်ပြီး ဂရိ၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်နဲ့ စပိန်နိုင်ငံတို့က ပူးတွဲဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

၂၀၀၅ ခုနှစ် စတင်ထုတ်လုပ်ခဲ့စဉ်ကတည်းက တာတို ဝေဟင်-ဝေဟင်ပစ် အဲဒီ IRIS-T ဒုံးကျည်ကို Eurofighter တိုက်လေယာဉ်၊ F-16 ဂျက်တိုက်လေယာဉ်၊ EF-18 ဂျက်တိုက်လေယာဉ်၊ Tornado ဂျက်တိုက် လေယာဉ်နဲ့ Gripen ဂျက်တိုက်လေယာဉ်တို့မှာ အသုံးပြုခဲ့ပါတယ်။

 

အရှည် ၁၁၅.၅ လက်မ၊ အချင်း ၅ လက်မရှိတဲ့ IRIS-T ဒုံးကျည်ဟာ အမြင့်ဆုံး ၁၅.၅ မိုင်အထိ ပစ်ခတ်နိုင်ပါ တယ်။

 

IRIS-T ဒုံးကျည်မှာ အနီအောက်ရောင်ခြည်ရှာဖွေရေးကိရိယာနဲ့ ပစ်မှတ်ရှာ ဆင်ဆာတစ်ခု တပ်ဆင်ထားပါ တယ်။

 

ဒုံးကျည်မှာ တပ်ဆင်ထားတဲ့ solid propellant motor နဲ့ thrust-vector control ကြောင့် IRIS-T ဒုံးကျည်ဟာ လိုအပ်တဲ့ ဦးတည်လမ်းကြောင်းအမျိုးမျိုးက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

 

ကမ္ဘာတစ်ဝန်းမြင့်တက်လာတဲ့ဝယ်လိုအားကြောင့် အထူးသဖြင့် ရုရှားခြိမ်းခြောက်မှု မြင့်တက်လာတာကြောင့် IRIS-T ဒုံးကျည်တွေကို နှစ်ဆမြှင့်တင်ထုတ်လုပ်သွားဖို့ စီစဉ်ထားကြောင်း Diehl Defence က ဇွန်လအတွင်း က ကြေညာခဲ့ပါတယ်။

 

Ref: Thailand Signs IRIS-T Missile Support Contract with Diehl Defence

 

#PeopleMedia


Share this post