• Follow Us on

Home IS အကြမ်းဖက်အဖွဲ့ အရှေ့တောင်အာရှကို ဦးလှည့်လာနိုင်ဟု မလေးရှားသတိပေး


Share this post




Ref; AFP

[Unicode]

IS အကြမ်းဖက်အဖွဲ့ အရှေ့တောင်အာရှကို ဦးလှည့်လာနိုင်ဟု မလေးရှားသတိပေး
——————

IS အကြမ်းဖက်အဖွဲ့ဟာ ၄င်းတို့ခေါင်းဆောင်ကျဆုံးခဲ့ပြီးနောက် အရှေ့တောင်အာရှကို စစ်ဆင်ရေးဦးလှည့်လာနိုင်တယ်လို့ ဘန်ကောက်မှာ ကျင်းပနေတဲ့ အာဆီယံ၀န်ကြီးများအစည်းအဝေးမှာ မလေးရှားပြည်ထဲရေး၀န်ကြီးက သတိပေးပြောကြားလိုက်ပါတယ်။

IS အကြမ်းဖက်အဖွဲ့ဟာ ၄င်းတို့ရဲ့ ခေါင်းဆောင်ကျဆုံးခဲ့ပေမယ့် ဂျီဟတ်ဝါဒကို အမြစ်ပြက်အောင် အချိန်အတန်ကြာစောင့်ဆိုင်းရဦးမယ်လို့ မလေးရှားပြည်ထဲရေး၀န်ကြီး မူဟစ်ဒင်ရာဆင်က ပြောပါတယ်။

မလေးရှားနိုင်ငံဟာ နိုင်ငံတွင်း IS အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှု ၂၅ ခုကို ဟန့်တားနိုင်ခဲ့ပြီး ၆ နှစ်တာကာလအတွင်း သံသယရှိအကြမ်းဖက်သမား ၅၁၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ကွာလာလမ်ပူမှာ IS အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၈ ဦးထိခိုက်ဒဏ်ရာရရှိမှုဟာ မလေးရှားနိုင်ငံမှာ IS အကြမ်းဖက်အဖွဲ့ပထမဦးဆုံးအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

Ref; AFP


Share this post