• Follow Us on
Latest News

Home IS အၾကမ္းဖက္ေခါင္းေဆာင္ ဘက္ဒါဒီ ေနထိုင္ေသာေနရာ ၿဂိဳတ္တုဓာတ္ ပံုထြက္ေပၚ

IS အၾကမ္းဖက္ေခါင္းေဆာင္ ဘက္ဒါဒီ ေနထိုင္ေသာေနရာ ၿဂိဳတ္တုဓာတ္ ပံုထြက္ေပၚ

Share this post

ဆီးရီးယားအေနာက္ေျမာက္ပိုင္းက IS အၾကမ္းဖက္ေခါင္းေဆာင္ အဘူ ဘာ အယ္ဘက္ဒါဒီေနထိုင္တယ္လို႔ ယံုၾကည္ရတဲ့ ေနရာကို ႐ုိက္ကူး ထားတဲ့ ၿဂိဳလ္တုဓာတ္ပံုကို ေအာက္တိုဘာ ၂၇ ရက္ေန႔မွာ အာကာသ နည္း ပညာကုမၸဏီ Maxar Technologies က ထုတ္ေဖာ္ျပသခဲ့ပါတယ္။

ဆီးရီးယားႏုိင္ငံအေနာက္ေျမာက္ပိုင္း အေမရိကန္အထူးတပ္ဖြဲ႕၀င္ေတြရဲ႕ စစ္ဆင္ေရးတစ္ခုမွာ IS အၾကမ္းဖက္ ေခါင္းေဆာင္ဘက္ဒါဒီကို ရွင္းလင္း သုတ္သင္ႏိုင္ခဲ့တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ မနက္ပိုင္းက ႐ုပ္သံလိုင္းကတစ္ဆင့္ တရား၀င္ေၾကညာခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ညက အေမရိကန္ႏုိင္ငံဟာ ကမၻာ့နံပါတ္တစ္ အၾကမ္းဖက္ေခါင္း ေဆာင္တစ္ဦးကို တရားစီရင္ႏုိင္ခဲ့ပါတယ္” လို႔ အိမ္ျဖဴေတာ္ကတစ္ဆင့္ ေျပာၾကားခဲ့တဲ့ ႐ုပ္သံမိန္႔ခြန္းမွာ ထရမ့္က ထည့္သြင္းေျပာၾကားခဲ့ပါ တယ္။

အၾကမ္းဖက္ေခါင္းေဆာင္ ဘက္ဒါဒီဟာ ေျမေအာက္လႈိဏ္ေခါင္းတစ္ခု မွာ အေသခံဗံုးေဖာက္ခြဲခဲ့ၿပီး ၄င္းရဲ႕ သားသမီးသံုးဦးလည္း ေသဆံုးခဲ့ တယ္လို႔သိရပါတယ္။ ဘက္ဒါဒီက အေသခံဗံုးေဖာက္ခြဲရာမွာ ေျမေအာက္ လႈိဏ္ေခါင္းလည္း ၿပိဳက်ခဲ့တယ္လို႔ ထရမ့္က ေျပာပါတယ္။

Ref;VOA

(unicode)
IS အကြမ်းဖက်ခေါင်းဆောင် ဘက်ဒါဒီနေထိုင်သောနေရာ ဂြိုတ်တုဓာတ် ပုံထွက်ပေါ်
————————————————————————-

ဆီးရီးယားအနောက်မြောက်ပိုင်းက IS အကြမ်းဖက်ခေါင်းဆောင် အဘူ ဘာ အယ်ဘက်ဒါဒီနေထိုင်တယ်လို့ ယုံကြည်ရတဲ့ နေရာကို ရိုက်ကူး ထားတဲ့ ဂြိုလ်တုဓာတ်ပုံကို အောက်တိုဘာ ၂၇ ရက်နေ့မှာ အာကာသ နည်း ပညာကုမ္ပဏီ Maxar Technologies က ထုတ်ဖော်ပြသခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးတစ်ခုမှာ IS အကြမ်းဖက် ခေါင်းဆောင်ဘက်ဒါဒီကို ရှင်းလင်း သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းက ရုပ်သံလိုင်းကတစ်ဆင့် တရားဝင်ကြေညာခဲ့ပါတယ်။

“ပြီးခဲ့တဲ့ညက အမေရိကန်နိုင်ငံဟာ ကမ္ဘာ့နံပါတ်တစ် အကြမ်းဖက်ခေါင်း ဆောင်တစ်ဦးကို တရားစီရင်နိုင်ခဲ့ပါတယ်” လို့ အိမ်ဖြူတော်ကတစ်ဆင့် ပြောကြားခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ ထရမ့်က ထည့်သွင်းပြောကြားခဲ့ပါ တယ်။

အကြမ်းဖက်ခေါင်းဆောင် ဘက်ဒါဒီဟာ မြေအောက်လှိုဏ်ခေါင်းတစ်ခု မှာ အသေခံဗုံးဖောက်ခွဲခဲ့ပြီး ၄င်းရဲ့ သားသမီးသုံးဦးလည်း သေဆုံးခဲ့ တယ်လို့သိရပါတယ်။ ဘက်ဒါဒီက အသေခံဗုံးဖောက်ခွဲရာမှာ မြေအောက် လှိုဏ်ခေါင်းလည်း ပြိုကျခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

Ref;VOA


Share this post