ISIS နဲ့ ပတ်သတ်ပြီး စည်းဘောင်ကျော်လာလျှင် တူရကီစီးပွားရေးကို ထိခိုက်အောင် လုပ်မည်ဟု ထရမ့် ခြိမ်းခြောက်
PUBLISHED - October 9, 2019
ISIS အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ပြီး ကန့်သတ်ထားမှုတွေကို ကျော်လွန်ပြီးလုပ်ကိုင်ရင် စီးပွား ရေးထိခိုက်အောင်လုပ်မယ်လို့ တူရကီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် လိုက်ပါတယ်။
တူရကီနိုင်ငံဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ အမေရိကန်ရဲ့ ထောက်ခံချက်မပါဘဲ စစ်ဆင်ရေးပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် ထရမ့်က အခုလိုသတိပေးစကားပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။
“ ယခင်က ကျွန်တော်ပြက်ပြက်သားသားပြောခဲ့သလိုပဲ တကယ်လို့သာ ကျွန်တော်က ကန့်သတ်ချက်လို့ သတ်မှတ်ထားတာတစ်ခုခုကို တူရကီက လုပ်ကိုင်ခဲ့ရင် တူရကီရဲ့ စီးပွားရေးကို လုံးဝဖျက်ဆီးပစ်မယ်။(အရင်လုပ်ခဲ့သလိုပေါ့) “ လို့ ထရမ့်က သူ့ရဲ့ ကိုယ်ပိုင်တွစ်တာ စာမျက်နှာမှာ အောက်တိုဘာ ၈ ရက်နေ့က ရေးသားခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ အဆိုအရ နှစ်နိုင်ငံကြား ဆွေးနွေးမှုမှာ ISIS အကြမ်းသမားတွေကို ဖမ်းဆီးရေးတာဝန်ကို တူရကီကို လွှဲပြောင်းပေးမယ်လို့သိရပါတယ်။ အခုလို လုပ်ဆောင်မှုဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို အပြောင်းအလဲတစ်ရပ်ဖြစ်ေ ပ်ါစေမှာဖြစ်ပြီး တူရကီအနေနဲ့ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့ အခွင့်အရေးပေးသလိုဖြစ်စေမှာဖြစ်ပါတယ်။
အခုလို ဆုံးဖြတ်ချက်အတွက် အမေရိကန်လွှတ်တော်အမတ်အများစုက ဝေဖန်မှုတွေရှိနေပေမယ့် ထရမ့်ကတော့ အဆုံးမရှိတဲ့ စစ်ပွဲက ဆုတ်ခွာဖို့ အချိန်တန်ပြီဖြစ်ပြီး မိမိတို့စစ်သားတွေကို အိမ်ပြန်ခိုင်းဖို့ အချိန်တန်ပြီလို့ ခုခံပြောဆိုထားပါတယ်။
Ref;CNN