• Follow Us on

Home ISR တာဝန်တွေထမ်းဆောင်နိုင်ဖို့ MQ-9 Reaper ဒရုန်းလေသူရဲ ၁၀၀ ကို အမေရိကန်မရိန်းတပ်ဖွဲ့ လေ့ကျင့် သင်ကြားပေးနေ

ISR တာဝန်တွေထမ်းဆောင်နိုင်ဖို့ MQ-9 Reaper ဒရုန်းလေသူရဲ ၁၀၀ ကို အမေရိကန်မရိန်းတပ်ဖွဲ့ လေ့ကျင့် သင်ကြားပေးနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅

 

အမေရိကန်နိုင်ငံရဲ့ ကင်းထောက်တာဝန်တွေကို အထောက်အကူပြုဖို့အတွက် အမေရိကန်မရိန်းတပ်ဖွဲ့ဟာ MQ-9 Reaper ဒရုန်းလေသူရဲ ၁၀၀ ကို လေ့ကျင့်သင်ကြားပေးနေပြီဖြစ်ပါတယ်။

 

အထူးကျွမ်းကျင်တဲ့တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်မောင်းနှင်တဲ့ အလွန်ခေတ်မီတဲ့မောင်းသူမဲ့လေယာဉ်အုပ်တွေ ဖွဲ့ စည်းတည်ထောင်ရာမှာ အထောက်အကူပြုနိုင်ဖို့အတွက် အခုလေ့ကျင့်သင်ကြားမှုတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

ပြိုင်ဘက်အဆင့်တူနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေမြင့်တက်လာတဲ့အတွက် အမေရိကန်မရိန်းတပ်ဖွဲ့ဟာ တခြား တပ်ဖွဲ့တွေနဲ့အတူ မိမိတို့တပ်ဖွဲ့တွေမှာရှိတဲ့ ဒရုန်းအခြေစိုက် ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက်တာဝန် (ISR) စွမ်းရည်တွေကို တိုးချဲ့မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။

 

မရိန်းတပ်ဖွဲ့ဟာ အရင်တုန်းက ၎င်းတို့ဆောင်ရွက်ရမယ့် သင်တန်းတွေကို မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အခုလို ဒရုန်းလေသူရဲ ၁၀၀ ကို လေ့ကျင့်သင်ကြားပေးနေတာဟာ အရေးပါတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

 

ဒရုန်းလေသူရဲ ၆၈ ဦးလိုအပ်နေတဲ့နက် ၃၈ ဦးကိုသာ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း ၂၀၂၂ ခုနှစ်က အမေရိကန်မရိန်းတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

 

လေ့ကျင့်သင်ကြားပေးထားတဲ့ ဒရုန်းလေသူရဲတွေကိုလည်း အမေရိကန်လေတပ်က အသုံးပြုနေတဲ့ပြန်တမ်း မ ဝင်အရာရှိဖြစ်တဲ့ အရာခံဗိုလ်တွေအစား ပြန်တမ်းဝင်အရာရှိတွေအဖြစ် ခန့်အပ်ပေးခဲ့ရပါတယ်။

 

၂၀၀၇ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် MQ-9 ဒရုန်းတွေကို စတင်အသုံးပြုခဲ့တဲ့ အမေရိကန်လေတပ်နဲ့မတူတာက အမေရိကန်မရိန်းတပ်ဖွဲ့ဟာ ၎င်းတု့ိတပ်ဖွဲ့ရဲ့ MQ-9 ဒရုန်းတွေကို ၂၀၁၈ ခုနှစ်ကျမှ စတင်လက်ခံရရှိခဲ့တာဖြစ်ပါ တယ်။

 

မရိန်းတပ်ဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်ကျမှ ၎င်းတို့တပ်ဖွဲ့ရဲ့ ကိုယ်ပိုင် MQ-9 ဒရုန်းတွေကို ဝယ်ယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီ နှစ်ကျမှပဲ MQ-9 ဒရုန်း လေသူရဲတွေအတွက် စစ်ဘက်ဆိုင်ရာအထူးလုပ်ငန်းတစ်ခုကို စတင်မိတ်ဆက်နိုင်ခဲ့ တာဖြစ်ပါတယ်။

 

မရိန်းတပ်ဖွဲ့က MQ-9 ဒရုန်းတွေလေသူရဲတွေဟာ ပင်လယ်ပြင်ဒရုန်းစစ်ဆင်ရေးတွေဆောင်ရွက်ရာမှာ အနာ ဂတ်ကာလမှာ တခြားတပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ့် တပ်ဖွဲ့တစ် ခုအနေနဲ့ တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း မရိန်းတပ်ဖွဲ့က ပြောပါတယ်။

 

“ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ မောင်းသူမဲ့လေယာဉ်စနစ်တွေကို သင်္ဘောတွေ၊ ကမ်းခြေတွေပေါ်ကနေ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စွမ်းရည်တွေအဖြစ် ပြောင်းလဲဖို့ လိုအပ်နေပြီး ကင်းထောက်သတင်းစုဆောင်းရေးတာ ဝန်တွေရော တိုက်ခိုက်ရေးတာဝန်တွေကိုပါ ထမ်းဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်။” လို့ မရိန်းတပ်ဖွဲ့က ပြောပါ တယ်။

 

လက်ရှိအချိန်မှာ အမေရိကန်မရိန်းတပ်ဖွဲ့မှာ MQ-9 ဒရုန်းတပ်ဖွဲ့ သုံးခုရှိရာ အရီဇိုးနားပြည်နယ်မှာ VMU-1 မောင်းသူမဲ့လေယာဉ်အုပ်၊ မေရီလန်းပြည်နယ်မှာ UX-24 မောင်းသူမဲ့လေယာဉ်အုပ်နဲ့ ဟာဝိုင်ယီပြည်နယ်မှာ VMU-3 မောင်းသူမဲ့လေယာဉ်အုပ်တို့ကို တပ်ဖြန့်ချထားပါတယ်။

 

ပြီးခဲ့တဲ့နှစ်က တရုတ်သူလျှိမိုးပျံပူဖောင်းတစ်စင်း လုံခြုံရေးတင်းကျပ်ထားတဲ့ အမေရိကန်လေကြောင်းပိုင်နက် ထဲကို ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပြီး အမေရိကန်စစ်စခန်းတွေပေါ်ကို ပျံသန်းသွားခဲ့ပြီးနောက် အမေရိကန် စစ်တပ်ဟာ ISR စွမ်းရည်တွေ တိုးချဲ့ရေးမှာ အများအပြားရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

 

Ref: US Marine Corps Training 100 MQ-9 Reaper Pilots for Reconnaissance

 

#PeopleMedia


Share this post