JF-17C Block-III ဂျက်တိုက်လေယာဉ်တွေ အဇာဘိုင်ဂျန်လေတပ်မှာ စတင်တာဝန်ထမ်းဆောင်
PUBLISHED - October 2, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂
ပါကစ္စတန်နိုင်ငံထံက ဖေဖော်ဝါရီလမှာ လက်မှတ်ရေးထိုး ဝယ်ယူခဲ့တဲ့ ဒေါ်လာ ၁.၆ ဘီလျံတန်ဖိုးရှိ JF-17C Block-III ဂျက်တိုက်လေယာဉ်တွေ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံက တရား ဝင်အတည်ပြုပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့က ဘာကူးမြို့မှာကျင်းပခဲ့တဲ ၂၀၂၄ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံတကာ စစ်လက်နက် ပစ္စည်းပြပွဲမှာ စစ်ဆေးနေစဉ်အတွင်း အဇာဘိုင်ဂျန်သမ္မတ အေးလ်ဟမ်မဲလီယက် (အေးလ်ဟမ်အဲလိယက်) က JF-17C Block-III ဂျက်တိုက်လေယာဉ်ပေါ်မှာ ထိုင်နေတဲ့ပုံကို ပြသရင်း သမ္မတရုံးက အဆိုပါသတင်းကို ထုတ် ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
JF-17C Block-III ဂျက်တိုက်လေယာဉ်နဲ့ အချက်အလက်တွေကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဇာကီယာ ဟာဆာနော့ဗ်နဲ့ ပါကစ္စတန်လေယာဉ်ထုတ်လုပ်ရေးဘုတ်အဖွဲ့ဥက္က လေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဟာကမ်ရာဇာ က အဇာဘိုင်ဂျန်သမ္မတကို ရှင်းပြပါတယ်။
အီရန်နိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန်သံအမတ်ကြီး (ပါကစ္စတန်ဆိုင်ရာ သံအမတ်ဟောင်း) အလီအလီဇာဒါက လည်း X လူမှုကွန်ရက်ပေါ်မှာ သတင်းရေးသားခဲ့ပါတယ်။
ဒေါ်လာ ၁.၆ ဘီလျံတန်ဖိုးရှိ စာချုပ်ထဲမှာ လေသူရဲသင်တန်းတွေ၊ ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေလို ခဲယမ်း တွေထောက်ပံ့ဖို့လည်း ပါဝင်ကြောင်း သိရပါတယ်။ vvv ပါကစ္စတန် Aeronautical Complex နဲ့ တရုတ်နိုင်ငံက Chengdu Aerospace Corporation တို့ဟာ ၄.၅ မျိုး ဆက် JF-17C ဂျက်တိုက်လေယာဉ်တွေကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
JF-17C Block-III ဂျက်တိုက်လေယာဉ်ဟာ အမြင့်ပေ အလယ်အလတ်နဲ့ အနိမ့်မှာ Mach 1.6 နှုန်း (တစ်နာရီ မိုင် ၁၂၀၀/ ကီလိုမီတာ ၁၉၁၀ နှုန်း) နဲ့ ၁၂၆၅ မိုင် (၂၀၃၇ ကီလိုမီတာ) အထိ ပျံသန်းနိုင်ပါတယ်။ JF-17C Block-III ဂျက်တိုက်လေယာဉ်မှာ Active Electronically Scanned Array radar တစ်ခုအပါအဝင် ခေတ်မီဒုံးကျည်တွေနဲ့ ခေတ်မီရေဒါစနစ်တွေပါဝင်တယ်လို့ ဆိုပါတယ်။
အဇာဘိုင်ဂျန်ဟာ မြန်မာနဲ့ နိုင်ဂျီးရီးယားပြီးရင် JF-17 ဂျက်တိုက်လေယာဉ်ကို ပိုင်ဆိုင်တဲ့ တတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။
Ref: Pakistan’s JF-17C Block-III Now Operational in Azerbaijan Air Force
#PeopleMedia