K9 ဟောက်ဝစ်ဇာအမြောက်ကျည် ပစ်ခတ်နိုင်တဲ့အကွာအဝေး နောက်ထပ် ၅၀% တိုးမြှင့်ကြောင်း တောင်ကိုရီး ယားကုမ္ပဏီ ကြေညာ
PUBLISHED - September 1, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁
တောင်ကိုရီးယားနိုင်ငံ ပေါင်စန်းကော်ပိုရေးရှင်းဟာ K9 ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်မှာ အသုံးပြုမယ့် ၁၅၅ မမ အမြောက်ကျည်ကို လက်ရှိကျည်တွေထက် တာဝေး ၅၀ ရာခိုင်နှုန်းပိုမိုပစ်ခတ်နိုင်တဲ့ အမြောက်ကျည် တွေထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အခုအသစ်ထုတ်လုပ်လိုက်တဲ့ အမြောက်ကျည်ဟာ ကီလိုမီတာ ၆၀ (၃၇ မိုင်) က ပစ်မှတ်ကို ပစ်ခတ်နိုင်တဲ့အ တွက် K9 ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်မှာ လက်ရှိအသုံးပြု နေတဲ့အမြောက်ကျည်တွေထက် ကီလိုမီတာ ၂၀ (၁၂.၄ မိုင်) ပိုမိုပစ်ခတ်နိုင်တယ်လို့ ပေါင်စန်း ကော်ပိုရေးရှင်းကပြောကြောင်း The Korea Economic Daily က ရေးသားထားပါတယ်။
K9 ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်ကျည်တွေထက် မြောက်ကိုရီးယား ၁၇၀ မမ ကုတ်ဆန်အမြောက်ကျည် တွေက ၂၀ ကီလိုမီတာ ပိုမိုသာလွန်တယ်လို့ဆိုတဲ့အတွက် တောင်ကိုရီးယားနိုင်ငံဟာ K9 ယာဉ်တင်ဟောက် ဝစ်ဇာအမြောက်ကျည်တွေကို ပစ်ခတ်မှုအကွာအဝေးတိုးမြှင့်နိုင်ဖို့ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၃၈ သန်း ရင်းနှီးမြှုပ် နှံခဲ့ပါတယ်။
ရုရှားအမြောက်တွေဟာ ကီလိုမီတာ ၇၀ (၄၃ မိုင်) အထိပစ်ခတ်နိုင်သလို တရုတ်အမြောက်တွေကလည်း ၅၃ ကီလိုမီတာ (၃၃ မိုင်) အကွာအဝေးအထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
K9 ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်တွေကို ပြည်ပနိုင်ငံ ၈ နိုင်ငံက ဝယ်ယူထားပြီးဖြစ်တဲ့အတွက် အခုလို အမြောက်ကျည်တွေ ပစ်ခတ်မှုအကွာအဝေးတိုးမြှင့်လိုက်တာဟာ ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားကိုလည်းမြင့် တက်လာနိုင်စေတယ်လို့ Asian Military Review က ရေးသားထားပါတယ်။
Ref: S. Korean Firm Announces 155mm Extended-Range Shell for K9 Howitzer
#PeopleMedia