KAAN ဂျက်တိုက်လေယာဉ်ဟာ အမေရိကန် F-35 ဂျက်တိုက်လေယာဉ်ထက် ပိုမိုကောင်းမွန်တယ်လို့ တူရကီပြော
PUBLISHED - May 16, 2024
နိုင်ငံတကာ၊ မေ ၁၆
တူရကီနိုင်ငံထုတ် ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်ဖြစ်တဲ့ KAAN ဂျက်တိုက်လေယာဉ်ဟာ အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ်ထက် ပိုမိုသာလွန်ကောင်းမွန်ကြောင်း တူရကီလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (TAI) ရဲ့အထွေထွေမန်နေဂျာ တီမဲကိုတီက ပြောကြားလိုက်ပါတယ်။
အန်ကာရာမြို့က စစ်စခန်းတစ်ခုမှာ အခုအစောပိုင်းက KAAN ဂျက်တိုက်လေယာဉ် ဒုတိယအကြိမ် စမ်းသပ်ပျံ သန်းမှုပြုလုပ်ခဲ့ပြီးနောက် အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့ KAAN ဂျက်တိုက်လေယာဉ်ဟာ F-35 ဂျက်တိုက်လေယာဉ်ထက် ပိုကောင်းပါတယ်။ F-35 က လက်နက် ၆ တန် သယ်နိုင်တယ်။ ကျွန်တော်တို့ KAAN က လက်နက် ၁၀ တန် သယ်နိုင်ပါတယ်။” လို့ ကိုတီက Turkiye သတင်းစာကို ပြောပါတယ်။
အမေရိကန်ထုတ် F-35 ဟာ အင်ဂျင်တစ်လုံးတပ်တိုက်လေယာဉ်ဖြစ်ပေမဲ့ တူရကီထုတ် KAAN ဟာ အင်ဂျင် နှစ်လုံးတပ်ဂျက်တိုက်လေယာဉ်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“အင်ဂျင်နှစ်လုံးတပ်လေယာဉ်ဆိုတော့ အားပိုကောင်းတာပေါ့။ နောက်ပြီး ရေဒါတွေကလည်း ပိုမိုအားကောင်း တဲ့အတွက် ပိုမိုဝေးကွာတဲ့အကွာအဝေးကို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တူရကီက ရုရှားထံက လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ဝယ်ယူလိုက်ပြီးနောက် တူရကီအစိုးရနဲ့ ပူး ပေါင်းဆောင်ရွက်မယ့် F-35 ဂျက်တိုက်လေယာဉ်စီမံချက်ကို အမေရိကန်က ပယ်ဖျက်လိုက်တဲ့အတွက် F-35 အစား အခုလို KAAN ဂျက်တိုက်လေယာဉ်ကို ထုတ်လုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ်စမ်းသပ်ပျံသန်းမှုအဆင့်ပဲရှိသေးပေမဲ့ KAAN ဂျက်တိုက်လေယာဉ်ဟာ ဈေးကွက်ထဲမှာ အမှာစာ မြင့်မြင့်မားမားရရှိဖို့ မျှော်လင့်ထားကြောင်း ကိုတီက ပြောပါတယ်။
တူရကီလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (TAI) အနေနဲ့ ၂၀၂၈ ခုနှစ် မတိုင်ခင် KAAN ဂျက်တိုက်လေယာဉ် အ စင်း ၂၀ ထုတ်လုပ်သွားမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်နဲ့ ၂၀၃၃ ခုနှစ်ကြားမှာ အများအပြားထပ်မံထုတ်လုပ်သွားဖို့ ရည်မှန်းထားကြောင်း ၎င်းက ပြောပါတယ်။
တူရကီတစ်နိုင်ငံတည်းအနေနဲ့ တူရကီလေတပ်အတွက် KAAN ဂျက်တိုက်လေယာဉ် အစင်းရေ ရာနဲ့ချီပြီး ဝယ် ယူသွားမှာဖြစ်ပါတယ်။
ထပ်မံထုတ်လုပ်မယ့် KAAN ဂျက်တိုက်လေယာဉ်အသစ်တွေအတွက် အင်ဂျင်တွေကို ၂၀၂၈ ခုနှစ်မတိုင်မီ ပြည် တွင်းမှာပဲ ထုတ်လုပ်သွားဖို့ မျှော်လင့်ထားပါတယ်။
ခေတ်မီလက်နက်တွေတပ်ဆင်ထားတဲ့အတွက် KAAN ဂျက်တိုက်လေယာဉ်ဟာ ဝေဟင်/မြေပြင် ပစ်မှတ်တွေ ကို ဆူပါဆောနစ်ပဲ့ထိန်းဒုံးကျည်တွေနဲ့ ထိရောက်စွာတိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
Ref: Turkey Claims New KAAN Fighter Jets ‘Better Than’ America’s F-35s
#PeopleMedia