KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဦးတိုက်လျှောက်မှုကို ပြန်ရုပ်သိမ်း
PUBLISHED - September 9, 2019
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၉
KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဦးတိုက်လျှောက်မှုကို ပြန်ရုပ်သိမ်းခဲ့ကြောင်း မြို့နယ်တရားရုံးမှ သိရသည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်မှ သြဂုတ်လ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဥပဒေအရ အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။
ထိုဦးတိုက် လျောက်ထားမှုကို ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် တရားရုံးသို့ ဥပဒေနှင့် အညီ ပြန်ရုပ်သိမ်းရန် လျှောက်ထားခဲ့သည့်အတွက် ယခုလို ပြန်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်တရားရုံးမှ သိရသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဇူလိုင်လ ၁၈ရက် က အမေရိကန်ပြည်ထောင်စုသမ္မတနိုင်ငံ အိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရမ့် နှင့် နိုင်ငံတကာမှ ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒေါက်တာခလမ်ဆမ်ဆွန်က သမ္မတ ဒေါ်နယ်ထရမ့်အား ပြောကြားချက်နှင့် စပ်လျဉ်း၍ အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။
ကောင်းကောင်း