• Follow Us on

Home KBZ Bank ဓားပြတိုက်မှုဖြစ်စဉ်တွင် မြောင်းမြဒေါ်ချို ဆိုင်ရှင်နှင့် ၎င်း၏ သားဖြစ်သူ အပါအဝင် ၁၂ ဦး ဖမ်းဆီးခံ

KBZ Bank ဓားပြတိုက်မှုဖြစ်စဉ်တွင် မြောင်းမြဒေါ်ချို ဆိုင်ရှင်နှင့် ၎င်း၏ သားဖြစ်သူ အပါအဝင် ၁၂ ဦး ဖမ်းဆီးခံ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၈ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သော ဗိုလ်တထောင်မြို့နယ်၊ (၉) ရပ်ကွက်၊ (၄၈) လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ်ခွဲ၌ ဓားပြတိုက်မှုဖြစ်စဉ်တွင် မြောင်းမြဒေါ်ချိုနှင့် ၎င်းတို့သားဖြစ်သူတို့ အပါအဝင် ကျူးလွန်သူ ၁၂ ဦး ဖမ်းဆီးထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါ တယ်။

 

အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သူ ၁၂ ဦးအထိရှိခဲ့ပြီး မြောင်းမြဒေါ်ချိုဆိုင်ရှင် တင်တင်မူ(ခ)အေးအေးမူ၏ သား ဖြစ်သူ ရဲနိုင်ဦး (၂၉) နှစ်မှာ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့ပြီး တင်တင်မူ(ခ)အေးအေးမူမှ ၎င်း၏ သားဖြစ်သူမှ ရရှိခဲ့သည့်ငွေကြေးများကို သိမ်းဆည်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

အထက်ပါ ကမ္ဘောဇဘဏ် ဓားပြတိုက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများကို ဖမ်းဆီးရာ၌ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ (၉) ရပ်ကွက်၊ အိမ်ကြီးလမ်းနေအိမ်၌ ကိုရဲနိုင်ဦး (၂၉) နှစ်အား နေအိမ် ဧည့်ခန်းမျက်နှာကျက်အပေါ်တွင် သိမ်းဆည်းထားသော ငွေကျပ် ၁,၆၀၃ သိန်းနှင့်လည်းကောင်း၊ ၎င်း၏ မိခင်ဖြစ်သူ ဒေါ်တင်တင်မူ(ခ)အေးအေးမူ၏ ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ Delta Plaza၊ အမှတ်(၀၀၄)နေအိမ်၌ ငွေကျပ် ၄၄၀ သိန်းနှင့် ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်း၊ အမှတ် (၁၁၈/ဒီ)ရှိ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင်၌ ငွေကျပ်သိန်း ၁၀၀ တို့အားလည်းကောင်း ဖမ်းမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

၎င်းဖြစ်စဉ်တွင် ကျန်ရှိသည့် အမျိုးသား ၁၀ ဦးကို ဖြစ်စဉ်ဖြစ်ပွားပြီး ၅ ရက်အတွင်း ကျူးလွန်ရာတွင် အသုံးပြုခဲ့ သည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆုံးရှုံးခဲ့သည်။ ငွေကြေးများကိုပါ ပြန်လည်ရရှိခဲ့ကြောင်း ဖော် ပြထားပါတယ်။

 

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဓါးပြတိုက်ရာတွင် ရရှိသော ငွေကြေးများအနက် တစ်ဝက်ခန့်အား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG နှင့် ချိတ်ဆက်ပြီး လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်း များ ဝယ်ယူကာ ရန်ကုန်မြို့တွင်းရှိ PDF အဖွဲ့များအား အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးသွားရန်နှင့် ကျန်တစ်ဝက်အား ကိုယ်ကျိုးအတွက် ခွဲဝေသုံးစွဲရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

#PeopleMedia #KBZBank

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #KBZBank


Share this post