• Follow Us on

Home KIA၊ KIO လက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိ၍ အပြစ်မဲ့ လီဆူအမျိုးသားနှစ်ဦး ခြေချင်းဝတ် ပြတ်ရှဒဏ်ရာ ပြင်းထန်စွာရရှိ

KIA၊ KIO လက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိ၍ အပြစ်မဲ့ လီဆူအမျိုးသားနှစ်ဦး ခြေချင်းဝတ် ပြတ်ရှဒဏ်ရာ ပြင်းထန်စွာရရှိ

Share this post

တနိုင်း၊ ဇူလိုင် ၁၂

 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဗန်ကောက်ကျေးရွာ အနောက်ဘက် တောင်ယာသွားလမ်းတွင် KIA၊ KIO လက်နက်ကိုင်အဖွဲ့မှ မိုင်း ၉ လုံး ထောင်ထားခြင်းကြောင့် အပြစ်မဲ့ လီဆူအမျိုးသားနှစ်ဦး ခြေချင်းဝတ် ပြတ်ရှ အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

KIA တပ်ရင်း (၁၄)၊ လက်အောက်ခံ KIA တပ်ဖွဲ့ဝင်များသည် ဗန်ကောက်ကျေးရွာ အနောက်ဘက် တောင် ယာသွားလမ်းတွင် ဇွန်လ ၂၈ ရက်နေ့က မိုင်း ၉ လုံးအား ထောင်ထားခဲ့ရာ အဆိုပါ မိုင်းများကြောင့် အပြစ်မဲ့ ပြည်သူ လီဆူ အမျိုးသားနှစ်ဦး ခြေချင်းဝတ် ပြတ်ရှဒဏ်ရာအသီးသီးရရှိထားကြောင်း ဝါရာဇွပ် ပြည်သူ့စစ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

 

“ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းမှာ KIA၊ PDF ပူးပေါင်းအဖွဲ့နဲ့ ကျွန်တော်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့ ကြတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ KIA ရဲဘော် တချို့ကို အရှင်ဖမ်းမိတယ်။ ဖမ်းမိတဲ့ KIA ရဲဘော်ကို စစ်ဆေးမေးမြန်လိုက်တော့ ဗန်ကောက်အနောက်ဘက် တောင်ယာသွားလမ်းမှာ မိုင်းကိုးလုံးထောင်ခဲ့တယ်လို့ ဝန်ခံတယ်။ အဲ့မိုင်း ၉ လုံးမှာ နှစ်လုံးကို အပြစ်မဲ့ပြည်သူနှစ်ဦး နင်းမိလို့ ထိခိုက်ခဲ့တယ်။ ပြီးတော့ KIA ထောင်တဲ့ မိုင်းကို KIA ပြန်နင်းမိလို့ သေဆုံးသူလည်း ရှိထားတယ်” ဟု ၎င်းကပြောသည်။

 

ဇွန်လ ၂၉ ရက်နေ့တွင် ဝါရာဇွတ်ကျေးရွာအုပ်စု စံပြကျေးရွာနေ၊ ငွားမော်ဆား အသက် ၁၈ နှစ်နှင့် နော်လီဆာ အသက် ၃၀ ခန့်သည် လယ်ယာအသီးသီးသို့အလုပ်သွားနေချိန် KIA လက်နက်ကိုင် ထောင်ထားသည့် မိုင်း၂ လုံးနင်းမိပေါက်ကွဲခဲ့ပြီး ခြေချင်းဝတ်ပြတ်ဒဏ်ရာများရရှိ၍ မြစ်ကြီးနား စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေ ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းနင်းမိသည့် လီဆူ အမျိုးသားနှစ်ဦးအား သွားရောက် သယ်ဆောင်ကူညီ ပေးခဲ့သည့် အသင်းတော်ဆရာများနှင့် ရွာသူ၊ ရွာသားများကို KIA တပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးနှိပ်စက်ခဲ့ပြီး ဖုန်းများပါ သိမ်းယူခြင်းများပြုလုပ်ကာ ညမိုးချုပ်သည်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

KIA လက်နက်ကိုင်အဖွဲ့ထောင်ထားသည့် မိုင်းများ ကျန်ရှိနေသေးကြောင်း သိရပြီး၊ အဆိုပါ မိုင်းများအား ရှင်း လင်းပေးရန် အခက်အခဲများ ရှိနေကာ  လက်ရှိအချိန်တွင် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA လက်နက် ကိုင်အဖွဲ့တို့ စစ်ရေးအခြေအနေအရ တင်းမာလျက်ရှိနေကြောင်း သိရသည်။

 

ပိုင်ကြီး

 

#PeopleMedia


Share this post