• Follow Us on

Home KIA၊ PDF အဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူတွေကို လိုက်လံ သတ်ဖြတ်နေ

KIA၊ PDF အဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူတွေကို လိုက်လံ သတ်ဖြတ်နေ

Share this post

ဖားကန့်၊ အောက်တိုဘာ ၁၂

 

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) တွင် လက်ဘက်ရည်ဆိုင်ပိုင်ရှင်၊ ကွမ်းယာဆိုင်ပိုင်ရှင် စသည့် ကောင်းရောင်းကောင်းဝယ်လုပ်နေသည့် အပြစ်မဲ့ပြည်သူတစ်ဦးအား KIA၊ PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့၍ အောက်တိုဘာလ ၁၁ ရက် ၄ နာရီအချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖားကန့်မြို့နယ် အတွင်းရှိ KIA၊ PDF အဖွဲ့သည် အပြစ်မဲ့ ပြည်သူများအပေါ် လူမှုရေးကိစ္စများ မကျေနပ်ချက် အပေါ် အကြောင်းပြု၍ ဒလန်သတင်းပေးဟု ခေါင်းစဉ်တပ်ကာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေကြောင်း ဖားကန့်မြို့နေသူတစ်ဦးက ပြောသည်။

 

“ရှင်းရှင်းပြောရရင် နိုင်ငံရေးလုပ်နေတာ မဟုတ်တော့ဘူး လူမှုရေးပြဿနာ မကျေနပ်ချက်တွေနဲ့ လူလိုက် သတ်နေတာပဲ ဖြစ်တယ်။ အခုလဲ ကိုဖက်တီးကို သူတို့ပြောနေကြ သတင်းပေး ဒလန်ဆိုပြီး သတ်သွားတယ်။ ဖားကန့်မှာ အခုဆို ရေခဲချောင်းသည်၊ အချဉ်ပေါင်းသည်၊ မုန့်လိုက်ပို့သူ အကုန်လုံးကို စစ်တပ်နဲ့ ပတ်သက် တယ်ဆိုပြီး လိုက်သတ်နေတာ။ သူတို့ပြောတဲ့ ဒီမိုကရေစီ လမ်းစဉ်မဟုတ်တော့ဘူး လက်နက်ကိုင် အကြမ်း ဖက်ဝါဒသမားတွေဖြစ်နေပြီ” ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ပြောသည်။

 

အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် မှော်စီစာကျေးရွာ အောင်သာယာ (၂) တွင် ကွမ်းယာ၊ လက်ဘက်ရည်ဆိုင်၊ ဝိုင်ဖိုင် စသည့် စီးပွားရေးလုပ်ကိုင်သူ ကိုဖက်တီးအား KIA၊ PDF အဖွဲ့မှ သေနတ်ဖြင့် နှစ်ချက် ပစ်သတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

 

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့်လပိုင်းနှင့် ယခုလပိုင်းအတွင်း၌ အပြစ်မဲ့ပြည်သူ ဈေးရောင်းသည်များကို သတ် ဖြတ်ခြင်း၊ အစိုးရဝန်ထမ်းကို ချောင်းမြောင်းသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း စသည်တို့ကို KIA၊ PDF အဖွဲ့မှ သိသိ သာသာ လုပ်ကိုင်လာကြောင်း သိရသည်။

 

ယင်းသို့ ဥပဒေမဲ့ပြုလုပ်နေခြင်းများကို တာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ပေးသင့် ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း ထို့သို့ပြုလုပ်မှုများကို ဝိုင်းဝန်းတားဆီးပေးရန် ဖားကန့်မြို့ နေသူများက လိုလားနေကြသည်။

 

KIA၊ PDF အဖွဲ့သည် စက်တင်ဘာလနှင့် အောက်တိုဘာတို့တွင် ဖားကန့်မြို့နယ်အတွင်း၌ အပြစ်မဲ့ပြည်သူ များကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ လုပ်ကြံသတ်ဖြတ်များ၊ ပြုလုပ်သည့်အပြင် အစိုးရဝန်ထမ်းများကိုလည်း ဖမ်း ဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို အကြိမ်ကြိမ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ပိုင်ကြီး

 

#PeopleMedia


Share this post