• Follow Us on

Home KIA တပ်မဟာ ၆ ဌာနချုပ်ကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

KIA တပ်မဟာ ၆ ဌာနချုပ်ကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ တီးမားကျေးရွာအနီးရှိ KIA တပ်မဟာ ၆ ဌာနချုပ်ကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းရာ KIA အရာရှိအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ကချင်မီဒီယာများက ဖော်ပြထား သည်။

 

အောက်တိုဘာ ၁၉ ရက်နေ့က ရှမ်းမြောက်ဒေသ မုံးပေါ်နှင့် မုံးကိုးကြား ဝိန်းလားတောင်ရှိ တပ်စခန်းကို KIA တပ်မဟာ ၆ အောက် လက်အောက်ခံတပ်ရင်း ၃၆ တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

 

ထို့နောက် အောက်တိုဘာလ ၂၀ ရက်နေ့တွင် တပ်မတော်က လေကြောင်းမှ တီးမားကျေးရွာ၊ မန်ကန်တောင် အနီးရှိ KIA တပ်မဟာ ၆ ဌာနချုပ်ကို ဗုံးကြဲရှင်းလင်းရာ KIA အရာရှိအချို့အပါအဝင် ၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း KIA မီဒီယာမိဒီယာများကဖော်ပြထားကြသည်။

 

လက်ရှိအချိန်၌ ရှမ်းမြောက်ဒေသရှိ တပ်စခန်းနှင့် လိုင်ဇာမြို့အနီးရှိ တပ်စခန်းကို KIA က သိမ်းပိုက်ထား မှုကြောင့် စခန်းရရှိရေး တပ်မတော်က ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia


Share this post