• Follow Us on
Latest News

Home KIA နှင့် PDF အဖွဲ့ဝင် ၁၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

KIA နှင့် PDF အဖွဲ့ဝင် ၁၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃

 

ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်း ထင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော KIA နှင့် PDF အဖွဲ့ဝင် ၁၀ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် AK-47 (၄)လက်၊ KO လက်နက်ငယ် (၂) လက်၊ AK-47 (၄၀)တွဲ (၁)လက်၊ 79  (၂) လက်၊ စနိုက်ပါ (၁)လက်နှင့် ၅.၅၆ ကျည် ၄၅၀ တောင့်၊ ၇.၆၂ စနိုက်ပါကျည် ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး (၂၉)လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး (၁၆)လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုနှင့် ဆက်စပ်ပစ္စည်းများကို အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် ၁၆၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ပြစ်မှုကျူးလွန်ခြင်းမရှိသော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့မှ PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးတို့အား အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် သင်္ကန်းညီနောင်တပ်နယ် မြဝတီခန်းမ၌ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ်ရေး ထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေး ငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုး မှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။

 

#PeopleMedia


Share this post