• Follow Us on
Latest News

Home KIA လက်နက်ကိုင်အဖွဲ့မှ မန်ဝိန်းကျေးရွာ မိန်းလမ်းပေါ်တွင် လူအင်အား၊ လက်နက်အင်အားအပြည့်အစုံနှင့် ဆက်ကြေးကောက်ခံနေ

KIA လက်နက်ကိုင်အဖွဲ့မှ မန်ဝိန်းကျေးရွာ မိန်းလမ်းပေါ်တွင် လူအင်အား၊ လက်နက်အင်အားအပြည့်အစုံနှင့် ဆက်ကြေးကောက်ခံနေ

Share this post

မြစ်ကြီးနား၊ ဇူလိုင် ၁၇

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မန်ဝိန်းကျေးရွာ မိန်းလမ်းပေါ်တွင် KIA လက်နက်ကိုင်အဖွဲ့မှ ဇူလိုင် ၁၆ ရက်နေ့ကစ၍ လူအင်အား၊ လက်နက်အင်အားအပြည့်နှင့် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံ နေကြောင်း မန်ဝိန်း ဒေသခံများထံမှ သိရသည်။

 

ဇူလိုင်လ ၁၆ ရက်နေ့ကစ၍ မြစ်ကြီးနား – ချီဖွေ သွားလမ်းဖြစ်သည့် မန်ဝိန်းကျေးရွာ မိန်းလမ်းမပေါ်တွင် KIA လက်နက်ကိုင်အဖွဲ့မှ နှစ်ဖွဲ့ခွဲ၍ ခရီးသွားပြည်သူ ကားကြီး၊ ကားလေးမကျန် ဆက်ကြေးကောက်ခံနေကြောင်း မန်ဝိန်း ဒေသခံများက ဆိုသည်။

 

“မန်ဝိန်းဘုန်းကြီးကျောင်း နယ်ခြားစောင့်တပ် နေရာဟောင်းမှာတစ်ဖွဲ့၊ ပြီးတော့ လောဆာဘက်မှာ တစ်ဖွဲ့ နှစ်ဖွဲ့ခွဲပြီး KIA က ခရီးသွားကားတွေစီမှာ ဆက်ကြေး ကောက်‌နေတယ်။ သုံးရက်လောက်ရှိနေပြီ။ တိုက်ပွဲ ဖြစ်တာမျိုးတော့ မကြားသေးဘူး။ ခရီးသွားကားတွေတော့ ပုံမှန်သွားနေကြတယ်” ဟု ၎င်းကပြောသည်။

 

အဆိုပါ မန်ဝိန်းကျေးရွာတွင် KIA လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်မှုများ ပြုလုပ်သည့်အပြင် ကျေးရွာ အတွင်း တိုက်ပွဲဖြစ်ရန် ဖော်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ထည့်သွင်းပြောသည်။

 

“လော‌လောဆယ်တော့ တိုက်ပွဲမဖြစ်သေးဘူး။  ပစ်ခတ်သံ မကြားသေးဘူး။ တပ်မတော် စစ်ကြောင်းတက် လာရင်တော့ သူတို့က အသင့်အနေထားစောင့်နေတဲ့သဘောပေါ့။ တိုက်ပွဲဖြစ်ရင်တော့ မကောင်းဘူး။ ဒေသခံ တွေ ဘေးလွတ်ရာ ရှောင်ရမှာပဲ။  မြစ်ကြီးနား – ချီဖွေကားလမ်းလည်း ပိတ်တာတွေ ဖြစ်ကြမှာ” ဟု မန်ဝိန်း ဒေသခံတစ်ဦးက ရှင်းပြသည်။

 

ကချင်ပြည်နယ်တွင် တပ်မတော်စစ်ကြောင်းနှင့် KIA လက်နက်ကိုင်အဖွဲ့တို့ ဇူလိုင်လ ၃ ရက်နေ့ကစ၍ မြစ်ကြီး နား – ဗန်းမော် ကားလမ်းပိုင်းတွင် တိုက္ပွဲများဖြစ်ပွားနေခြင်းကြောင့် လက်ရှိအချိန်ထိ ကားလမ်းများ သွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

 

ပိုင်ကြီး(EPN)

 

#PeopleMedia


Share this post