• Follow Us on

Home KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ခေတ္တဆုတ်ခွာခဲ့ရသည့်စခန်းများအား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိရေးဆောင်ရွက်လျက်ရှိ

KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ခေတ္တဆုတ်ခွာခဲ့ရသည့်စခန်းများအား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိရေးဆောင်ရွက်လျက်ရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၁

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိုသော ရည်ရွယ်ချက်များဖြင့် KIA တပ်မဟာ (၆) လက် အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာရှိ တပ်မတော်မှ နယ်မြေ ထိန်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာ(၃)နေရာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူအင်အား များပြားလာမှုကြောင့် စစ်ကူစစ်ကြောင်းများမရောက်မှီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းလျက် စခန်းနေရာအား ပြန်လည် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်လာမှုကြောင့် တပ်မတော်စစ်ကြောင်းများကလည်း KIA တပ်မဟာ(၆) နေရာအား လေ ကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတို့ဖြင့် တန်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်း နေရာတစ်ခုအား KIA တပ်ဖွဲ့ဝင် အလောင်းအချို့နှင့်အတူ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 

ထို့အပြင် KIA ဌာနချုပ် လိုင်ဇာ၏ ရှေ့ကာနေရာဖြစ်သော မိုက်ဆာပါ တွင် အခြေပြုလျက်ရှိသည့် KIA အဖွဲ့များက ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်မှ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်းစခန်း အဖြစ် ဆောင်ရွက်လျက်ရှိသည့် လဲလုံစခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်နေ့အထိ (၈၁)ကြိမ်တိုင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက အမြောက်နှင့် လေကြောင်းပစ်ကူရယူ၍ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သောင်းကျန်းသူ အင်အားများပြားလာသည့်အတွက် စခန်းမှ ခေတ္တဆုတ်ခွာပေးလိုက်ရကြောင်း သိရှိရပြီး စစ်ကူစစ်ကြောင်းများဖြင့် ပူးပေါင်းလျက် အဆိုပါစခန်းအား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post