• Follow Us on

Home KIA ထုတ်လက်နက်အမြောက်အများအပါအဝင် လက်နက်များ သယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ် မန္တလေး၌ ဖမ်းမိကြောင်း န-စ-က ထုတ်ပြန်

KIA ထုတ်လက်နက်အမြောက်အများအပါအဝင် လက်နက်များ သယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ် မန္တလေး၌ ဖမ်းမိကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉ (People Media)

 

KIA ထုတ်လက်နက်အမြောက်အများအပါအဝင် လက်နက်မျိုးစုံ သယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ် ကို အောက်တိုဘာလ ၅ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ဘုရားအနီး၌ ဖမ်း ဆီးရမိခဲ့ကြောင်း န-စ-ကမှ ထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်နေ နေလင်းထွန်း ၄၂ နှစ် မောင်းနှင် လာသည့် ဆီဘောက်ဆာ(အဖြူရောင်)ယာဉ်ကို အမရပူရမြို့နယ်၊ ကမ်းနားလမ်း၊ ရွှေကြက်ယက်ဘုရားအနီး သို့ မောင်းနှင်ရောက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ ယာဉ်အားရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏ဆီ အကန့် ၅ ကန့်ရှိသည့်နက် နောက်ဆုံးအကန့်တွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် လက်နက်၊ ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ယင်းဆီဘောက်ဆာယာဉ်အတွင်း သယ်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများသည် အသုံးမပြုရသေးသည့် 7.62 MM Assault Rifile Type 81 (KIAထုတ်) ၂၀၀ လက်၊ 7.62 MM Life Machine Gun Type 81 (KIA ထုတ်) ၂၀ လက်၊ ယင်းကျည်အိမ် ၅၄ ခု၊ 7.62×39 ကျည် ၃၂၆၄၀ တောင်ံ၊ 100 MM HE တာဝေးခွင်းဗုံး ၈၉ လုံး၊ အစပျိုးစနက်အုံ ၈၉ ခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

အလားတူ ဖမ်းဆီးရမိသည့် တရားခံအားစစ်ဆေးမေးမြန်းလျက်ရှိပြီး သတင်းများဆက်လက်ထုတ်ပြန်ပေးသွား မည်ဟုလည်း သိရသည်။

 

#PeopleMedia #ဆီဘောက်ဆာယာဉ် #လက်နက်များ #နစက

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post