• Follow Us on

Home KIA အဖြဲ႕မွ အဖြဲ႕ဝင္ ၂၁ ဦး တပ္မေတာ္ထံ အလင္းဝင္ေရာက္

KIA အဖြဲ႕မွ အဖြဲ႕ဝင္ ၂၁ ဦး တပ္မေတာ္ထံ အလင္းဝင္ေရာက္

Share this post

ေနျပည္ေတာ္ ၊ ဇန္နဝါရီ – ၃ဝ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မုံးကိုးၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနေသာ တပ္မေတာ္စခန္းသို႔ ယေန႕နံနက္ပိုင္းတြင္ KIA အဖြဲ႕မွ ဗိုလ္ႀကီးအဆင့္ရွိသူ (၃)ဦးအပါအဝင္ ၂၁ ဦးသည္ လက္နက္မ်ိဳးစုံ ၁ဝ လက္၊ က်ည္မ်ိဳးစုံ ၁၂၈ ေတာင့္၊ က်ည္အိမ္မ်ိဳးစုံ ၉ ခု၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဥပေဒေဘာင္ အတြင္းသို႔ ဝင္ေရာက္လာခဲ့သည္။

၎တို႔အေနျဖင့္ ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာေနထိုင္လိုျခင္း၊ ထာဝရ ၿငိမ္းခ်မ္းေရးရရွိရန္ အမွန္တကယ္ ဆႏၵရွိလာျခင္း၊ တပ္မေတာ္၏ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအား ယုံၾကည္လက္ခံျခင္းတို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အား စြန့္လႊတ္ၿပီး လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားအား မုံးကိုးတပ္နယ္မွ တာဝန္ရွိသူမ်ားက လွိုက္လွဲစြာႀကိဳဆိုခဲ့ၾကၿပီး လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ားအား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

[Unicode]
KIA အဖွဲ့မှ အဖွဲ့ဝင် ၂၁ ဦး တပ်မတော်ထံ အလင်းဝင်ရောက်
…………………………………………………………….

နေပြည်တော် ၊ ဇန်နဝါရီ – ၃ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စခန်းသို့ ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ (၃)ဦးအပါအဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ် ဆန္ဒရှိလာခြင်း၊ တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မုံးကိုးတပ်နယ်မှ တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


Share this post