• Follow Us on

Home KNC နှင့် Democracy and Human Rights Party ၏ မှတ်ပုံတင်ခွင့်လျှောက်ထားချက်အပေါ် UEC ငြင်းပယ်

KNC နှင့် Democracy and Human Rights Party ၏ မှတ်ပုံတင်ခွင့်လျှောက်ထားချက်အပေါ် UEC ငြင်းပယ်

Share this post

နေပြည်တော်၊ ဇူလိုင် ၉

 

ကချင်အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (Democracy and Human Rights Party)တို့၏ ပါတီမှတ်ပုံတင် လျှောက်ထားချက်အပေါ် ငြင်းပယ် လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီ ဆက်လက်တည်ထောင်မှတ်ပုံတင်ပေးပါရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိသောကြောင့်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များ ကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်လိုက်သည်။

 

#PeopleMedia


Share this post