• Follow Us on
Latest News

Home KNLA/PDF များက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်

KNLA/PDF များက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ တိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံရှိ 50 MVA Main Transfromer၏ Generator Circuit Breaker၊ အအေးခံကိရိယာနှင့် ကြွေသီး ၂ လုံး၊ 20 MVA Main Transfromer ၏ အအေးခဲကိရိယာများ ဗုံးစထိမှန် ပျက်စီးခဲ့ပြီး မြို့နယ်အတွင်း ဒေသခံပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post