• Follow Us on
Latest News

Home KNU ဗဟိုဌာနချုပ်ကို တပ်မတော်မှ အသေခံ ဒရုန်း (၄)လုံးဖြင့် တိုက်ခိုက်၊ စစ်သွေးကြွအဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိ

KNU ဗဟိုဌာနချုပ်ကို တပ်မတော်မှ အသေခံ ဒရုန်း (၄)လုံးဖြင့် တိုက်ခိုက်၊ စစ်သွေးကြွအဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၂

 

ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုဌာနချုပ်ကို တပ်မတော်မှ အသေခံဒရုန်း(Suicide Drone) (၄)လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။

 

ယနေ့ အောက်တိုဘာလ (၂၂)ရက် နံနက် (၁၀)နာရီခန့်က KNU ဗဟိုဌာနချုပ်ကို တပ်မတော်မှ အသေခံဒရုန်း (၄)လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ အသေခံဒရုန်းအသုံးပြုကာ တိုက်ခိုက်ခြင်းကြောင့် KNU ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးသွားကြောင်းနှင့် KNU အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

#PeopleMedia


Share this post