• Follow Us on

Home KNU အနေနှင့် တပ်မဟာသုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်တွင် တိုက်ကွက်များဖော်ဆောင်နိုင်ရေး ကြံစည်နေသည့်သတင်းရရှိထားကြောင်း တပ်ချုပ်ပြောကြား

KNU အနေနှင့် တပ်မဟာသုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်တွင် တိုက်ကွက်များဖော်ဆောင်နိုင်ရေး ကြံစည်နေသည့်သတင်းရရှိထားကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၆

 

KNU အနေနှင့် တပ်မဟာ(၁၊ ၃၊ ၅) သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်တွင် တိုက်ကွက်များ ဖော်ဆောင် နိုင်ရေး ကြံစည်နေသည့် သတင်းကို ရရှိထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ ပြောကြားသည့် မိန်းခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

 

“လက်ရှိမှာလည်း KNU အနေနဲ့ တပ်မဟာ(၁၊ ၃၊ ၅) သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက် ကွက်များ ဖော်ဆောင်နိုင်ရေးလက်ရှိ KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိနေတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

KNU အဖွဲ့မှ အချို့ခေါင်းဆောင်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း သဘောတူချက်များကို ဖောက်ဖျက်လာသည်ကို တွေ့ရှိ ရကြောင်း၊ ၎င်းတို့သည် PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အကြမ်းဖက်သင်တန်းများ သင်ကြားလေ့ကျင့် ပေးမှုများ၊ လက်နက်များတပ်ဆင်ပေးမှုများကို ပြုလုပ်ခဲ့ကြပြီး ကရင်ပြည်နယ်အတွင်းမှာရှိသည့် လုံခြုံရေး တပ်စခန်းများ၊ မြို့ရွာများကို အင်အားသုံးတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လ ၁ ရက်တွင် ကော့ကရိတ်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် သင်္ကန်းညီနောင်မြို့နှင့် ဧပြီလ ၁၀ ရက်တွင် မြဝတီမြို့တို့ ကို တိုက်ခိုက်ခဲ့သည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

KNUအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ များစွာ ထိခိုက် နစ်နာပျက်စီးခဲ့ရကြောင်း၊ ထိုပြင် မြန်မာပြည်သူ လူထု အားထားနေရသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုနှင့် နိုင်ငံအတွက် များစွာနစ်နာခဲ့ကြောင်း၊ ထိုအရာများကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများက ဒေသတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုရရှိရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

“ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံး စည်းလုံး ညီညွတ်ဖို့လိုပါတယ်။ စည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ခေတ် အဆက်ဆက် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဦးဆောင် ဆင်နွှဲနေတဲ့ တရားသောစစ်အောင်မြင်ဖို့ ကျွန်တော်တို့ပြည်သူအားလုံးက ယုံကြည်စွာနဲ့ ဝိုင်းဝန်း ပေးကြဖို့ လိုအပ်ပါတယ်။” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post