• Follow Us on

Home KNU အဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်သဖြင့် ဖြူး စစ်တောင်းတံတားတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သား တစ်ဦး သေဆုံး

KNU အဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်သဖြင့် ဖြူး စစ်တောင်းတံတားတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သား တစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀

 

KNU အဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်) တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

ဇူလိုင်လ (၁၉) ရက် မနက် (၈) နာရီ (၂၀) မိနစ်အချိန်က စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်) ဖြူး ဘက်ကမ်းရှိ သဲအိတ်ဘန်ကာအတွင်း ရဲတပ်သားထိန်လင်းသည် လုံခြုံရေးဆောင်ရွက်နေစဉ် မြစ်အရှေ့ ဘက်ကမ်းရှိ ကရင်ကျရွာမှ KNU အဖွဲ့ဝင်များက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

KNU အဖွဲ့ဝင်များ၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်သားတွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်မှုကို KNLA အဖွဲ့နှင့် ရိုးမစစ်ကြောင်း ၂ အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ယင်း အဖွဲ့များက ထုတ်ပြန်ထားသည်။

 

KNU အဖွဲ့အနေဖြင့် ကရင်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်ဘက်မှ တံတားများ၊ လမ်းများကို မိုင်းခွဲဖျက်ဆီးခြင်း၊ ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

 

Photo – စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်)

 

#PeopleMedia


Share this post