• Follow Us on
Latest News

Home KNU လှုပ်ရှားနယ်မြေ၌ စစ်ရေးလှုပ်ရှားမှုမပြုလုပ်ရန် NUG နှင့် PDF ထံ KNU က အသိပေးစာ ပေးပို့

KNU လှုပ်ရှားနယ်မြေ၌ စစ်ရေးလှုပ်ရှားမှုမပြုလုပ်ရန် NUG နှင့် PDF ထံ KNU က အသိပေးစာ ပေးပို့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

KNU လှုပ်ရှားနယ်မြေ၌ စစ်ရေးလှုပ်ရှားမှုမပြုလုပ်ရန် NUG နှင့် PDF ထံ KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ စောရွှေမောင်းက အသိပေးစာ ပေးပို့ထားသည်။

 

အဆိုပါ ပေးပို့သည့်စာတွင် PDF တပ်ဖွဲ့ဝင်များသည် မိမိတို့၏ KNU ၏လှုပ်ရှားမှုနယ်မြေအတွင်း၌ KNU ၏ မူဝါဒများနှင့် သဘောထားရပ်တည်ချက်များကို ဆန့်ကျင်သောလုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ဆောင် ရွက်လာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

 

ယင်းသို့ဆောင်ရွက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများပေါ်ပေါ်စေသည်။

 

KNU ဒေသအတွင်း၌ မည်သည့်အဖွဲ့အစည်းမှ KNU မူဝါဒသဘောထားများနှင့် ကွဲလွဲသည့် အကြမ်းဖက်လှုပ် ရှားမှုများဆောင်ရွက်ခြင်းမပြုလုပ်ရန် အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

အလားတူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ စောရွှေမောင်းသည် NCA ၏ လုပ်ငန်း၊ လမ်းညွှန်ချက်နှင့်အညီ ဆက်လက် ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

 

#PeopleMedia #KNU

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 

#PeopleMedia #KNU


Share this post