• Follow Us on

Home KNU ဥက္ကဋ္ဌ မူတူးစေးဖိုးအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ နုတ်ထွက်ပေးရန် ကနေဒါနိုင်ငံရှိ ကရင်တိုင်းရင်းသားအဖွဲ့အစည်းများ ထုတ်ပြန်

KNU ဥက္ကဋ္ဌ မူတူးစေးဖိုးအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ နုတ်ထွက်ပေးရန် ကနေဒါနိုင်ငံရှိ ကရင်တိုင်းရင်းသားအဖွဲ့အစည်းများ ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၁ (People Media)

 

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ မူတူးစေးဖိုး အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို တာဝန်ကနေ နုတ်ထွက်ဖို့ ကနေဒါနိုင်ငံမှာရှိနေတဲ့ International Karan Organization (IKO) က ယမန်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက် ထုတ် ပြန်လိုက်ပါတယ်။

 

ဒီလို ထုတ်ပြန်ကြေညာခြင်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ မူတူးစေးဖိုးအပါအဝင် ၎င်းဦး ဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များရဲ့ နိုင်ငံရေးဦးဆောင်မှုကို ယုံကြည်မှုမရှိတော့ခြင်းနဲ့ ဆောင်ရွက်နေမှုများကို လုံးဝလက်မခံသည့်အတွက် ထုတ်ပြန်ကြေငြာခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

 

KNU အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် လက်မှတ်ရေးထိုးထားသော်လည်း အပစ်ခတ်ရပ်စဲရေးစာချုပ်များ သည် လက်တွေ့မြေပြင်တွင် ဖြစ်ပေါ်နေသော ကရင်ပြည်သူလူထု ရင်ဆိုင်နေရသော တပ်မတော်၏ လူ့ အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများကို ဖြေလျော့ပေးနိုင်ခြင်းမရှိတော့ခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ပါဝင်ပါတယ်။

 

အထက်ပါကဲ့သို့ အခြေအနေများကြောင့် KNU ဥက္ကဋ္ဌ မူတူးစေးဖိုးအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ နုတ်ထွက်ခိုင်းရခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

#PeopleMedia #KNU

 

(unicode)


………………………………………………………………..

 


 


 


 


 


 

#PeopleMedia #KNU


Share this post