KNU/PDF များမှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ အမျိုးသားနှစ်ဦး ဒဏ်ရာရ

PUBLISHED - August 28, 2023
နေပြည်တော်၊ သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ညောင်ခြေထောက်ကျေးရွာသို့ KNU/PDF များမှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၄ ရက် နံနက် ၅:၃၀ အချိန်တွင် KNU/PDF များမှ ဒရုန်းဖြင့် ညောင်ခြေထောက်ကျေးရွာသို့ ပစ်ချ တိုက်ခိုက်ရာတွင် ထိုကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲရာ အိမ်ရှင်အမျိုးသားတစ်ဦးနှင့် ထိုအိမ်သို့ရောက်ရှိနေသည့် အမျိုးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသူများမှာ အိမ်ရှင်အမျိုးသားဖြစ်သူ အသက် (၅၈) နှစ်အရွယ် မောင်သိန်း(ခ)ဦးသိန်းနှင့် တစ်ရွာ တည်းနေ အမျိုးသားဖြစ်သူ အသက်(၄၀) နှစ်ရွယ် ဦးကျော်ဇင်ဦးတို့မှာ ဒဏ်ရာများရရှိပြီး နေအိမ်၏အမိုးများမှာ ပျက်စီးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia