• Follow Us on
Latest News

Home KNU/PDF များမှ Drone ဖြင့် ကျောင်းသို့ပစ်ချတိုက်ခိုက်ရာ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမ (၃) ဦးနှင့် ကျောင်းသူ/သား (၂) ဦးတို့ ဒဏ်ရာရရှိ

KNU/PDF များမှ Drone ဖြင့် ကျောင်းသို့ပစ်ချတိုက်ခိုက်ရာ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမ (၃) ဦးနှင့် ကျောင်းသူ/သား (၂) ဦးတို့ ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အင်းကပ္ပလိပ်ကျေးရွာရှိ အခြေခံပညာ မူလတန်း(မူလွန်) ကျောင်းသို့ KNU/PDF များမှ Drone ဖြင့် ပစ်ချတိုက်ခိုက်ရာ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ကျောင်းဆရာမ (၃) ဦးနှင့် ကျောင်းသူ/သား (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၁၄ ရက် မွန်းလွဲအချိန်တွင် KNU/PDF များမှ Drone ဖြင့် ကျောင်းသို့ပစ်ချတိုက်ခိုက်ရာ Drone မှာ ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်သစ်လှေကားနှင့် ဘေစင်ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရ သည်။

 

ထိုကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကြားနေသည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ကျောင်းဆရာမ (၃) ဦး၊ Grade 3 မှ တတ်ရောက်နေသည့် အသက် (၇) နှစ်အရွယ် မအင်ကြင်းလှိုင်နှင့် Grade 6 မှ တတ်ရောက် နေသည့် အသက် (၁၃) နှစ်အရွယ် မောင်ဟိန်းအာကာတို့မှာ ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post