• Follow Us on

Home KSPP ပါတီႏွင့္ UNFDP ပါတီ တို႔ႏွစ္ဖက္သေဘာတူ ပူးေပါင္း

KSPP ပါတီႏွင့္ UNFDP ပါတီ တို႔ႏွစ္ဖက္သေဘာတူ ပူးေပါင္း

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၂၁

ကခ်င္ျပည္နယ္ျပည္သူ့ပါတီ (KSPP) ပါတီႏွင့္ ျပည္ေထာင္စု တိုင္းရင္းသားမ်ား ဖက္ဒရယ္ဒီမိုကေရစီပါတီ (UNFDP) ပါတီတို႔ ႏွစ္ဖက္သေဘာတူ ပူးေပါင္းလိုက္ၿပီ ျဖစ္ေၾကာင္း KSPP ပါတီမွ သိရသည္။

ကခ်င္ျပည္နယ္အတြင္းရွိ ျပည္သူလူထုအက်ိဳးအတြက္ ႏိုင္ငံေရးတြင္ အတူတကြ ေဆာင္ရြက္သြားရန္ ရည္ရြယ္ခ်က္ျဖင့္ ပူးေပါင္းခဲ့ျခင္းျဖစ္ၿပီး ယမန္ေန႔(ဒီဇင္ဘာလ ၁၉) ရက္ေန႔က ကခ်င္အမ်ိဳးသားအတိုင္ပင္ခံ႐ုံး၌ ႏွစ္ဖက္ပါတီမွ တာဝန္ရွိသူမ်ားက လက္မွတ္ေရးထိုးခဲ့ၾကၿပီး ျဖစ္ေၾကာင္း KSPP မွ တြဲဘက္အတြင္းေရးမွဴး ဦးတူးေရာက္က ဆိုသည္။

“ဒီပါတီေပါင္းစည္းေရးမွာ ၾကားေနအျဖစ္ ကခ်င္အမ်ိဳးသား အတိုင္ပင္ခံအဖြဲ႕က ကမကထ လုပ္ၿပီး ပါတီေပါင္းစည္းဖို႔ အတြက္ ေစ့စပ္ေပးတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၉ ရက္ေန႔က သေဘာတူ စာခ်ဳပ္ ခ်ဳပ္ ဆိုခဲ့ပါတယ္” ဟု တြဲဖက္အတြင္းေရးမွဴး ဦးတူးေရာက္က ေျပာသည္။

ပူးေပါင္းထားသည့္ ယင္းပါတီႏွစ္ခု၏ ပါတီညီလာခံကို လာမည့္ ၂၀၂၀ ႏွစ္ဦးပိုင္းတြင္ ျပဳလုပ္သြားမည္ ျဖစ္ၿပီး ယင္းညီလာခံတြင္ မူဝါဒခ်ျပျခင္း၊ စာတမ္းဖတ္ျခင္းတို႔ကို ထည့္သြင္းလုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

UNFDP ပါတီကို ေဒၚေဘာက္ဂ်ာႏွင့္ ဦးစီးစီေနာ္ဂ်ာတို႔က ဦးေဆာင္လ်က္ရွိၿပီး KSPPပါတီသည္ ကခ်င္ႏိုင္ငံေရးပါတီမ်ား ျဖစ္သည့္ ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီ(KSDP)၊ ကခ်င္ဒီမိုကရက္တစ္ပါတီ (KDP)ပါတီႏွင့္ မေနာတိုင္ပါတီ(UDPKS) သုံးပါတီ ပူးေပါင္းဖြဲ႕စည္းထားသည့္ ပါတီျဖစ္သည္။

လြမ္းေအာင္

Photo – KSPP

#PeopleMedia #EPN

(unicode)
KSPP ပါတီနှင့် UNFDP ပါတီ တို့နှစ်ဖက်သဘောတူ ပူးပေါင်း
……………………………………………………………………

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပါတီနှင့် ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ (UNFDP) ပါတီတို့ နှစ်ဖက်သဘောတူ ပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်း KSPP ပါတီမှ သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအကျိုးအတွက် နိုင်ငံရေးတွင် အတူတကွ ဆောင်ရွက်သွားရန် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ယမန်နေ့(ဒီဇင်ဘာလ ၁၉) ရက်နေ့က ကချင်အမျိုးသားအတိုင်ပင်ခံရုံး၌ နှစ်ဖက်ပါတီမှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ကြောင်း KSPP မှ တွဲဘက်အတွင်းရေးမှူး ဦးတူးရောက်က ဆိုသည်။

“ဒီပါတီပေါင်းစည်းရေးမှာ ကြားနေအဖြစ် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က ကမကထ လုပ်ပြီး ပါတီပေါင်းစည်းဖို့ အတွက် စေ့စပ်ပေးတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က သဘောတူ စာချုပ် ချုပ် ဆိုခဲ့ပါတယ်” ဟု တွဲဖက်အတွင်းရေးမှူး ဦးတူးရောက်က ပြောသည်။

ပူးပေါင်းထားသည့် ယင်းပါတီနှစ်ခု၏ ပါတီညီလာခံကို လာမည့် ၂၀၂၀ နှစ်ဦးပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းညီလာခံတွင် မူဝါဒချပြခြင်း၊ စာတမ်းဖတ်ခြင်းတို့ကို ထည့်သွင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

UNFDP ပါတီကို ဒေါ်ဘောက်ဂျာနှင့် ဦးစီးစီနော်ဂျာတို့က ဦးဆောင်လျက်ရှိပြီး KSPPပါတီသည် ကချင်နိုင်ငံရေးပါတီများ ဖြစ်သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)ပါတီနှင့် မနောတိုင်ပါတီ(UDPKS) သုံးပါတီ ပူးပေါင်းဖွဲ့စည်းထားသည့် ပါတီဖြစ်သည်။

လွမ်းအောင်

Photo – KSPP

#PeopleMedia #EPN


Share this post