• Follow Us on
Latest News

Home LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘော အမည်ပေးမိတ်ဆက်ပွဲ HII Ingalls သင်္ဘောဆောက်လုပ်ရေး ကုမ္ပဏီကျင်းပ

LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘော အမည်ပေးမိတ်ဆက်ပွဲ HII Ingalls သင်္ဘောဆောက်လုပ်ရေး ကုမ္ပဏီကျင်းပ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

 

HII Ingalls သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီ (ဟန်တင်တန်အင်ဂေါစ်သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီ) ဟာ အမေရိကန်ရေတပ်အတွက် တတိယမြောက် ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောကို မစ္စစ္စပီပြည်နယ်၊ ပက်စ်ကေ့ဂူလာမြို့မှာ အမည်ပေးမိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။

 

USS Bougainville (LHA 8 (ယူအက်စ်အက်စ်ဘူးဂန်ဗိုလ် အယ်လ်အိပ်ချပ်အေ ၈) လို့ အမည်ရတဲ့ အဲဒီ ကုန်း ရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောကို တားဆီးပိတ်ဆို့ မှုတွေကြုံရတဲ့အခြေအနေမျိုးမှာ တပ်ဖြန့်ချထားပြီး အ သုံးပြုနိုင်ပါတယ်။

 

ဒီသင်္ဘောရဲ့ အခြေအနေအမျိုးမျိုးပေါ်မူတည်ပြီး စစ်ဆင်ရေးဆိုင်ရာပြောင်းလွယ်ပြင်လွယ်ဖြစ်မှုက အမေရိကန် ရေတပ်ရဲ့ ပြည်ပတိုက်ခိုက်ရေးအုပ်စု၊ ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးအသင့်အုပ်စုနဲ့ ကုန်းရေနှစ်သွယ် တိုက် ခိုက်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဝင်ရာမှာ နောက်ထပ် လိုအပ်တာတွေကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

 

USS Bougainville (LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောကို အဆင့်မြှင့်တင်ထားတဲ့ Wasp-class ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောတွေကို အခြေခံပြီး ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။

 

လေယာဉ်ဆီတွေနဲ့ လေယာဉ်တွေသယ်ယူနိုင်ဖို့အတွက် တခြား America class စစ်သင်္ဘော မူကွဲအမျိုးမျိုးမှာ ကြီးမားတဲ့ သင်္ဘောကိုယ်ထည်/ကုန်းပတ်တွေပါရှိပေမဲ့ LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံကတော့ ဆေးဝါးကုသရေးနေရာနဲ့ လေယာဉ်သိုလှောင်ဖို့နေရာတွေအတွက် အနည်းငယ် ကျဉ်းမြောင်းတယ်လို့ ဆိုပါတယ်။

 

သင်္ဘောကုန်းပတ်ကိုတော့ V-22 Osprey tiltrotor လေယာဉ် ပြုပြင်ထိန်းသိမ်းနိုင်အောင်လို့ အဆင့်မြှင့်တင် ပြု ပြင်ထားပါတယ်။

 

USS Bougainville (LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောကို အောက်တိုဘာလအတွင်းမှာ ရေချပြီး နောက် အခုလို ပက်စ်ကေ့ဂူလာမြို့မှာ မိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့တာဖြစ်ပါတယ်။

 

HII Ingalls သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီဟာ LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောတည် ဆောက်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၂.၄ ဘီလျံတန် ကန်ထရိုက်လုပ်ငန်းကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောကို အမေရိကန်ရေတပ်ကို ၂၀၂၄ ခုနှစ်မှာ ပို့ဆောင်ပေးလိမ့် မယ်လို့ မျှော်လင့်ထားပါတယ်။

 

LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောဟာ ဆော်လမွန်ကျွန်းစုက ဘူးဂန်ဗိုလ် (Bougainville) ကျွန်း အမည်ကို မှည့်ခေါ်ထားတဲ့ ဒုတိယမြောက်သင်္ဘောဖြစ်ပါတယ်။

 

ဒီနာမည်ကို ရွေးချယ်မှည့်ခေါ်ထားတာဟာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ရေတပ်၊ အမေရိကန်မရိန်း တပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကြား သတင်းအ ချက်အလက်တွေ အပြန်အလှန်ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ တဲ့ အောင်မြင်မှုကို လှုံ့ဆော်အားပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီပေါင်းစပ်ညှိနှိုင်းမှုစွမ်းအားကြောင့် ဒုတိယကမ္ဘာစစ်အတွင်းက တောင်ပစိဖိတ်ဒေသမှာ ဂျပန်တပ်တွေရဲ့ လွှမ်းမိုးထားမှုကို ကန့်သတ်လိုက်ပြီး ဆော်လမွန်ကျွန်းစုမြောက်ပိုင်းမှာရှိတဲ့ မဟာဗျူဟာမြောက်အချက်အခြာ ကျတဲ့ လေယာဉ်ကွင်းတစ်ခုကို အမေရိကန်လေယာဉ်တွေက ကာကွယ်နိုင်ခဲ့ပါတယ်။

 

“ဒီကနေ့ကျင်းပတဲ့အခမ်းအနားဟာ ဒုတိယကမ္ဘာစစ်အတွင်းက ကျွန်တောတို့ရဲ့ အောင်မြင်မှုကိုလည်း ကိုယ် စားပြုပြီး နာမည်တစ်ခုပေးရုံသက်သက် ကျင်းပတဲ့အခမ်းအနားမဟုတ်ပါဘူး။ ကျွန်တော်တို့ အမေရိကန်ပြည် ထောင်စု ရေတပ်နဲ့ မရိန်းတပ်ဖွဲ့တွေရဲ့ ရဲဘော်ရဲဘက်စိတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရရှိခဲ့တဲ့အောင် မြင်မှုကို ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။” လို့ HII Ingalls သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ကာရီဝါ့ခ်အင် ဆန်က ပြောပါတယ်။

 

LHA 8 ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောပေါ်မှာ ဒေါင်လိုက်တက်ဆင်းနိုင်တဲ့ AV-8B Harrier II ဂျက် တိုက်လေယာဉ်၊ MV-22B Osprey ဘက်စုံသုံးစစ်လေယာဉ်၊ F-35B Lightning II ဂျက်တိုက်လေယာဉ်၊ CH-53K King Stallion အကြီးစားသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်၊ UH-1Y Venom အလတ်စား ကြီးကြပ်ကွပ် ကဲရေးနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ AH-1Z Viper တိုက်ခိုက်ရေးရဟတ်ယာဉ်၊ MH-60S Knighthawk ဘက် စုံသုံးရဟတ်ယာဉ်အပါအဝင် လေယာဉ်/ရဟတ်ယာဉ်အမျိုးအစားအများအပြားကို သယ်ဆောင်သွားနိုင်ပါ တယ်။

 

Ref: HII Christens US Navy’s Third America Amphibious Assault Vessel

 

#PeopleMedia


Share this post