• Follow Us on

Home Live လႊင့္၍ ၅၀၀၀ က်ပ္တန္ကို မီးရွို႔ဖ်က္ဆီးသူ ၂ ဦး ဖမ္းဆီးခံရ

Live လႊင့္၍ ၅၀၀၀ က်ပ္တန္ကို မီးရွို႔ဖ်က္ဆီးသူ ၂ ဦး ဖမ္းဆီးခံရ

Share this post

ရန္ကုန္၊ နိုဝင္ဘာ – ၃၀
 
ရန္ကုန္တိုင္းေဒသႀကီး၊သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ေလးေထာင့္ကန္ ရပ္ကြက္၌ ေနထိုင္သူ ႏွစ္ဦးသည္ ေငြက်ပ္ ၅၀၀၀က်ပ္တန္ကိုLive လႊင့္၍ မီးရွို႔ဖ်က္ဆီးမႈေၾကာင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ၿပီျဖစ္သည္။
 
ျဖစ္စဥ္မွာ နိုဝင္ဘာလ ၂၇ ရက္ ေန႔လည္ ၁ နာရီခန႔္တြင္ Biggest Shopping & Retail Page တြင္ အမ်ိဳးသား ၁ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးတို႔မွ Live လႊင့္၍ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္မွ တရားဝင္ထုတ္လုပ္ထားေသာ ျမန္မာက်ပ္ေငြ ငါးေထာင္က်ပ္တန္ ေငြစကၠဴအား မသင့္မေလ်ာ္မီးရွို႔ခဲ့သည္။
 
ထိုသို႔ ျပမႈႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ၊ အခန္း(၁၆)၊ အပိုဒ္-၉၉(က) အရ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္၏ ခြင့္ျပဳခ်က္မရွိဘဲ ေငြစကၠဴမ်ားအား ျဖတ္ေတာက္ျခင္း၊ ဆုတ္ျဖဲျခင္း(သို႔) အျခား တစ္နည္းနည္းျဖင့္ ပုံသ႑ာန္ပ်က္ယြင္းေအာင္မျပဳလုပ္ရန္ တားျမစ္ခ်က္ထုတ္ျပန္ထားသည္ကို ေဖာက္ဖ်က္က်ဴးလြန္ခဲ့ေၾကာင္း ေတြ႕ရွိရသျဖင့္ အဆိုပါ Biggest Shopping & Retail Page မွ Live လႊင့္၍ မီးရွို႔ျပသူ ၂ ဦးအား ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ စုံစမ္းေဖာ္ထုတ္၍ ဖမ္းဆီးခဲ့သည္။
 
အဆို ႏွစ္ဦးသည္ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ေလးေထာင့္ကန္ ရပ္ကြက္၌ ေနထိုင္သူမ်ားျဖစ္ၾကၿပီး ၎တို႔ကို ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ ၁၀၃/၁၀၇ ျဖင့္ အေရးယူေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
 
#PeopleMedia #ဗဟိုဘက္
 
(unicode)
Live လွှင့်၍ ၅၀၀၀ကျပ်တန်ကို မီးရှို့ဖျက်ဆီးသူ ၂ဦးဖမ်းဆီးခံရ ………………………………………..
ရန်ကုန်၊ နိုဝင်ဘာ – ၃၀ ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်၌ နေထိုင်သူ နှစ်ဦးသည် ငွေကျပ် ၅၀၀၀ကျပ်တန်ကိုLive လွှင့်၍ မီးရှို့ဖျက်ဆီးမှုကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီခန့်တွင် Biggest Shopping & Retail Page တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှ Live လွှင့်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော မြန်မာကျပ်ငွေ ငါးထောင်ကျပ်တန် ငွေစက္ကူအား မသင့်မလျော်မီးရှို့ခဲ့သည်။ ထိုသို့ ပြမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အခြား တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အဆိုပါ Biggest Shopping & Retail Page မှ Live လွှင့်၍ မီးရှို့ပြသူ ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်၍ ဖမ်းဆီးခဲ့သည်။ အဆို နှစ်ဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်၌ နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #ဗဟိုဘက

Share this post