London၊ Lucky Strike စီးကရက်ထုတ်လုပ်သည့် British American Tobacco Myanmar အောက်တိုဘာလ (၆) ရက်နေ့မှ စတင်ပြီး လုပ်ငန်းရပ်ဆိုင်း

PUBLISHED - October 12, 2021
နေပြည်တော်၊ အောက်တိုဘာ ၁၂ (People Media)
London၊ Lucky Strike နှင့် Ken စီးကရက်များ ထုတ်လုပ်သည့် British American Tobacco Myanmar Ltd ဟာ အောက်တိုဘာလ (၆) ရက်နေ့က စတင်ပြီး လုပ်ငန်းရပ်ဆိုင်းကြောင်း ကုန်သည်များထံ အသိပေးအ ကြောင်းကြားခဲ့ကြောင်း သိရသည်။
British American Tobacco Myanmar Ltd သည် ၂၀၁၃ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံမှာ London၊ Lucky Strike နှင့် Ken စီးကရက်များ ထုတ်လုပ်ရောင်းချခဲ့ပြီး၊ ပြည်တွင်း၌ ဈေးကွက်အခိုင်အမာရရှိထားသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။
BAT Myanmar Company ၏ ကုန်ထုတ်လုပ်မှု၊ အရောင်းနှင့် ဖြန့်ချိရေးလုပ်ငန်းများ အားလုံးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့မှစတင်၍ ရပ်စဲလိုက်ပြီဖြစ်ကြောင်း British American Tobacco Myanmar Ltd ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ယခုထွက်ခွာတော့မည့် British American Tobacco Myanmar Ltd (BAT) သည် မြန်မာနိုင်ငံတွင် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် ပေးအပ်သည့် လူမှုအကျိုး ပြုထူးချွန်ဆုကို သုံးကြိမ်တိတိရရှိထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
Photo – credit
#PeopleMedia #စီးကရက်
(unicode)
…………………………………………………………………………
Photo – credit