• Follow Us on

Home M1A1 ပင်မတိုက်ပွဲဝင်တင့်ကားများကို M1A2 စံနှုန်းနှင့်အညီ အဆင့်မြှင့်တင်သွားရန် အီဂျစ်နိုင်ငံက စီ စဉ်လျက်ရှိ

M1A1 ပင်မတိုက်ပွဲဝင်တင့်ကားများကို M1A2 စံနှုန်းနှင့်အညီ အဆင့်မြှင့်တင်သွားရန် အီဂျစ်နိုင်ငံက စီ စဉ်လျက်ရှိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆ (People Media)

 

အီဂျစ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်း၍ ၎င်းတို့တပ်မတော်ရှိ M1A1 ပင်မတိုက်ပွဲဝင်တင့်ကား များကို M1A2 ပင်မတိုက်ပွဲဝင်တင့်ကားများ၏ စံနှုန်းနှင့်အညီ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပါမောက္ခ Mahmoud Gamal ၏ တွစ်တာတွင်ရေးသားဖော်ပြချက်အရ သိရသည်။

 

အီဂျစ်နိုင်ငံတွင် M1A1 အေဘရာဟင်တင့်ကား ၁,၁၃၀ စီး၊ M60A1 တင့်ကား အစီး ၃၀၀၊ M60A3 တင့်ကားအ စီးရေ ၈၅၀ ၊ T-62 တင့်ကားအစီးရေ ၂၀၀ အပါအဝင် ပင်မတိုက်ပွဲဝင်တင့်ကား အစီးရေ ၂၄၈၀ ရှိကြောင်း Military Balance 2020 စာများအရသိရသည်။

 

ပထမဦးဆုံးအသုတ်တွင် တင့်ကားစီးရေ ၅၅၅ စီးပါဝင်ပြီး ယင်းအစီအစဉ်အရ နောက်ဆုံးအသုတ်တင့်ကားများ ကို ၁၉၉၈ ခုနှစ်တွင် အပြီးပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ အမေရိကန်ထုတ် M1A1 အေဘရာဟင်တင့်ကားများကို ယခုအခါ အမေရိကန်မှလိုင်စင်ယူ၍ အီဂျစ်နိုင်ငံအတွင်းထုတ်လုပ်နေပြီဖြစ်သည်။

 

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အီဂျစ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် M1A1 အေဘရာဟင်တင့်ကားများ ပူးပေါင်းထုတ်လုပ်မည့်အစီအစဉ်ကို ပြန်လည်ဆောင်ရွက်ရန် ကိုင်ရိုမြို့အပြင်ဘက် ရှိ အီဂျစ်တင့်ကားထုတ်လုပ်ရေးစက်ရုံတွင် အခမ်းအနားတစ်ခုကျင်းပခဲ့သည်။

 

အီဂျစ်နိုင်ငံတွင် M1A1 အေဘရာဟင်တင့်ကားများထုတ်လုပ်ခြင်းသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှု အ ကြောင်းရင်းတစ်ရပ်အနေဖြင့် အမေရိကန်က အီဂျစ်နိုင်ငံ၏အရေးကြီးအခန်းကဏ္ဍကိုလက်ရှိထောက်ပံ့နေသည့် အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ယင်းအစီအစဉ်မှတစ်ဆင့် အီဂျစ်တင့်ကားစက်ရုံတွင် အီဂျစ်လူမျိုး ၂,၅၀၀ အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဖြစ်ပြီး နိုင်ငံကိုကာကွယ်ရန် အီဂျစ်တပ်မတော်၏ စွမ်း ရည်ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် M1A1 တင့်ကားများပူးပေါင်းထုတ်လုပ်ရေးအစီအစဉ်စတင်ကတည်းက အမေရိ ကန်အစိုးရနှင့် အီဂျစ်အစိုးရတို့ကြား ပူးပေါင်းထုတ်လုပ်ရေးလုပ်ငန်းမှ M1A1 အေဘရာဟင်တင့်ကား အစိတ်အ ပိုင်းများ ထုတ်လုပ်တပ်ဆင်ခဲ့ရာ အီဂျစ်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တင့်ကားစက်ရုံမှ M1A1 အေ ဘရာဟင်တင့်ကားအရေအတွက် ၁,၂၀၀ ဝန်းကျင်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

 

အမေရိကန် M1A1 အေဘရာဟင်ပင်မတိုက်ပွဲဝင်တင့်ကား ပထမဦးဆုံးထုတ်လုပ်မှုကို ၁၉၈၅ ခုနှစ်တွင် အပြီး သတ်ဆောင်ရွက်ခဲ့ပြီး တင့်ကားစီးရေ ၈,၀၆၄ စီးကို ထုတ်လုပ်ပြီး အမေရိကန်ကြည်းတပ်သို့ ပေးပို့ခဲ့သည်။ M1 A1 တင့်ကားသည် M1 အေဘရာဟင်ကို အဆင့်မြှင့်တင်ထုတ်လုပ်ထားခြင်းဖြစ်သည်။

 

M1A2 တင့်ကားသည် M1A1 တင့်ကားကို အဆင့်မြှင့်တင်ထုတ်လုပ်ထားသော ပုံစံသစ်တင့်ကားဖြစ်ပြီး M1A2 တင့်ကားကို အမေရိကန်ကြည်းတပ်သို့ ၁၉၉၂ ခုနှစ် မတ်လအတွင်းက တင်ပို့ခဲ့သည်။

 

M1A2 အေဘရာဟင်တင့်ကား၏ လက်နက်တပ်ဆင်မှုမှာ M256 ၁၂၀ မမ အမြောက်ဖြစ်ပြီး M829 APFSDS-T သံချပ်ကာဖောက်အမြောက်ကျည်များ၊ M830 HEAT-MP-T ဘက်စုံသုံးတင့်ဖျက်ကျည်များ၊ M831 TP-T လေ့ ကျင့်ရေးကျည်များနှင့် M865 TPCSDS-T လေ့ကျင့်ရေးကျည်များ ပစ်ခတ်နိုင်သည်။

 

ပင်မအမြောက်၏ ညာဘက်တွင် -30 to +65º  အထိမြှင့်တင်နိုင်သော M240 ၇.၆၂ မမ စက်သေနတ်တပ် ဆင်ထားပြီး တင့်ကားကြီးကြပ်ကွပ်ကွဲသူနေရာတွင် ဘရောင်နင်း M2 HB ၁၂.၇ မမ စက်သေနတ်ကိုတပ်ဆင် ထားပြီး -10 to +65º အထိ မြှင့်တင်နိုင်ပြီး 360º လှည့်ပတ်ပစ်ခတ်နိုင်ကြောင်းသိရသည်။

 

Ref: Egypt plans to upgrade its fleet of M1A1 Abrams tanks to standard M1A2

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Egypt plans to upgrade its fleet of M1A1 Abrams tanks to standard M1A2

 

#PeopleMedia


Share this post