• Follow Us on

Home M240 စက်လတ် အသံနှင့် မီးပွင့်ထိန်းချုပ်ကိရိယာ အဆင့်မြှင့်တင်ရန် အမေရိကန်ကြည်းတပ် နည်းလမ်းများ ရှာဖွေ

M240 စက်လတ် အသံနှင့် မီးပွင့်ထိန်းချုပ်ကိရိယာ အဆင့်မြှင့်တင်ရန် အမေရိကန်ကြည်းတပ် နည်းလမ်းများ ရှာဖွေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅ (People Media)

 

M240 စက်လတ်ပစ်ခတ်ရာတွင် စက်လတ်အသံထွက်နှင့် မီးပွင့်များကို လျှော့ချနိုင်ရန်အတွက် နောက်ဆုံးပေါ် ခေတ်အမီဆုံး အသံနှင့် မီးပွင့်ထိန်းချုပ်ကိရိယာ တပ်ဆင်နိုင်ရန် နည်းလမ်းများကို အမေရိကန်ကြည်းတပ်က ရှာဖွေလျက်ရှိသည်။

 

M240 စက်လတ်များတွင် အသံနှင့် မီးပွင့်ထိန်းချုပ်ကိရိယာများတပ်ဆင်ထားခြင်းမရှိဘဲ အပူချိန်မြင့်တက်မှုနှင့် ထိန်းချုပ်ရန်အတွက် မီးကာတစ်ခုစီသာတပ်ဆင်ထားသည့် လက်နက်များဖြစ်သည်။ အသံနှင့် မီးပွင့်ထိန်းချုပ်ကိ ရိယာအသစ်ကို အပူချိန်ထပ်မံမြင့်တက်မလာစေရန်အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ရမည်ဖြစ်သည်။

 

အဆိုပြုတင်ပြလာသည့် အသံနှင့် မီးပွင့်ထိန်းချုပ်ကိရိယာမှန်သမျှသည် အသံ၊ မီးပွင့်၊ အဆိပ်ဖြစ်စေသောအခိုး အငွေ့များကို ၅၀ ရာခိုင်နှုန်းလျှော့ချပေးရမည်ဖြစ်သည်။ ယင်းအသံနှင့် မီးပွင့်ထိန်းချုပ်ကိရိယာသည် အနည်း ဆုံး ကျည်အရေအတွက် ၁၀,၀၀၀ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိရမည်ဖြစ်ပြီး ကြည်းတပ်ကလိုချင်သည့် သက်တမ်း မှာ ကျည်အရေအတွက် ၂၅,၀၀၀ အထိပစ်ခတ်မှုကို ခံနိုင်ရမည်ဖြစ်သည်။

 

“အသံနဲ့ မီးပွင့်ထိန်းချုပ်ကိရိယာ suppressor ဟာ ကျည်အရေအတွက် ၁၀၀၀၀ ကနေ ၂၅၀၀၀ အထိ ပစ်ခတ် မှုကို ခံနိုင်ရည်ရှိဖို့အတွက် စံနှုန်းသတ်မှတ်ထားတဲ့ကျည်ခါးပတ် ၂၀၀ အနက် ကျည်ခါးပတ် ၅၀ ကနေ ၁၂၅ ခု အထိ ခံနိုင်ရည်ရှိဖို့လိုအပ်ပါတယ်။ Suppressor ရဲ့ အလေးချိန်ကလည်း ၁၆ အောင်စကနေ ၅၆ အောင်စအထိ ပဲရှိရပါမယ်။ စက်လတ်ပြောင်းဝကနေ ၄ လက်မကနေ ၁၀ လက်မထက် မကျော်ရပါဘူး။” ဟု အမေရိကန် ကြည်းတပ်က ပြောသည်။

 

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် “သေနတ်ပစ်ပွဲတော်” ၌ အမေရိကန်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ် သော Radical Firearms ကုမ္ပဏီက M240 စက်လတ်အတွက် Suppressor (အသံနှင့် မီးပွင့်ထိန်းချုပ်ကိရိ ယာ) ကို ထုတ်ဖော်ပြသခဲ့သည်။ ပူးတွဲအထူးစစ်ဆင်ရေးဌာနချုပ်က ဆန်းစစ်လေ့လာအကဲဖြတ်ရန် ယင်း Suppressor ကို ရွေးချယ်ခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်တွင် ဂျော်ဂျီယာပြည်နယ်ရှိ Maneuver Battle Laboratory မှ ကြည်းတပ်အရာရှိများက MSX-240 ဟုခေါ်သော Suppressor (အသံနှင့် မီးပွင့်ထိန်းချုပ်ကိရိယာ) များကို M240 စက်လတ်များနှင့်တွဲဖက်၍ ကျည်စစ်ကျည်မှန်များဖြင့် လေ့ကျင့်ပစ်ခတ်ခဲ့ကြသည်။ ယင်း Suppressor မှာ ၆၃ အောင်စ အလေးချိန်ရှိပြီး အသံကို ၁၃၆ ဒက်ဆီဘယ်လ်လျှော့ချနိုင်ကြောင်းသိရသည်။

 

“ဒီ Suppressor နဲ့ စက်လတ်ပစ်တဲ့အခါ စက်လတ်နဲ့ တစ်မီတာအကွာအဝေးလောက်မှာ လူနှစ်ယောက် စကား ကောင်းကောင်းပြောလို့ရတယ်။ သူတို့နှစ်ယောက် အော်ပြောစရာမလိုဘဲနဲ့ကို စကားကောင်းကောင်းပြောနိုင်တဲ့ အထိ စက်လတ်အသံကို Suppressor က ထိန်းချုပ်ထားပေးနိုင်တယ်။ ဒါက စစ်မြေပြင်ဆက်သွယ်ရေးအတွက် လုံးဝ အပြောင်းအလဲတစ်ခုပါပဲ။” ဟု Maxim Defense ကုမ္ပဏီမှ ထရာဗစ်ဘန်းဒီက ပြောသည်။

 

M240 suppressor နှင့်ပတ်သက်၍ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ပြီးဖြစ်သော်လည်း အမေရိကန်ကြည်းတပ်အနေ ဖြင့် လက်နက်စနစ်အတွက် အထူး suppressor တစ်ခုကို ရွေးချယ်အသုံးပြုခြင်းမရှိသေးပေ။

 

Ref: US Army Seeking Advanced M240 Machine Gun Suppressor

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US Army Seeking Advanced M240 Machine Gun Suppressor

 

#PeopleMedia


Share this post