• Follow Us on

Home M982 ဂျီပီအက်စ်လမ်းညွှန်အမြောက်ကျည်များ အမေရိကန်ကြည်းတပ်က ရေသီယွန်ကုမ္ပဏီထံမှာယူ

M982 ဂျီပီအက်စ်လမ်းညွှန်အမြောက်ကျည်များ အမေရိကန်ကြည်းတပ်က ရေသီယွန်ကုမ္ပဏီထံမှာယူ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၄ (People Media)

 

အရေအတွက်ဖော်ပြမထားသော ဒေါ်လာ ၆၆.၂ သန်းတန် M982 ဂျီပီအက်စ်လမ်းညွှန်အမြောက်ကျည် (M982 Excalibur GPS-guided munitions) များ ဝယ်ယူရန် အမေရိကန်ကြည်းတပ်က ရေသီယွန်ကုမ္ပဏီထံ အမှာစာ ပေးပို့ထားကြောင်းသိရသည်။

 

Excalibur (အာသာမင်းကြီး၏မှော်ဓားဟုအဓိပ္ပာယ်ရသည်။) မျိုးဆက်သစ်အမြောက်ကျည်သည် ၁၅၅ မီလီမီ တာ တာဝေးပစ်အမြောက်ကျည်ဖြစ်သည်။

 

အဆိုပါအမြောက်ကျည်တွင် အမြောက်ကျည်လမ်းညွှန်စနစ်ကိုအဆင့်မြှင့်တင်ရန်နှင့် အကွာအဝေး မည်မျှရှိ သည်ဖြစ်စေ နှစ်မီတာပတ်လည်ရှိပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်ရေး တိကျသောပျံသန်းရေးလမ်းညွှန်မှု ကို ရရှိစေရန် jam-resistant internal GPS ကို အသုံးပြုထားသည်။

 

ကန်ထရိုက်စာချုပ်ပါလုပ်ငန်းများကို အာကင်ဆပ်၊ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ အိုင်အိုးဝါး၊ နယူးဂျာစီ၊ နယူး မက္ကဆီကို၊ အိုကလာဟိုးမားနှင့် တက္ကဆက်ပြည်နယ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလ တွင် လုပ်ငန်းများအပြီးဆောင်ရွက်သွားရန် ရည်မှန်းထားသည်။

 

အမေရိကန်လက်နက်များထဲမှ ယင်းတာဝေးပစ်အမြောက်ကျည်ဖြစ်သော M982 Excalibur အမြောက်ကျည်ကို မြို့ကြီးများမှဖြစ်စေ တောင်ကုန်းထူထပ်သောမြေမျက်နှာသွင်ပြင်မှဖြစ်စေ တည့်မတ်စွာပစ်ခတ်သည့် အနေအ ထားနီးနီးမှ ပစ်ခတ်နိုင်စွမ်းရှိသည်။ ၎င်းအပြင် ယင်းအမြောက်ကျည်သည် ရွေ့လျားပစ်မှတ်များကိုလည်း တိကျ  သောလမ်းညွှန်စနစ်ကို အသုံးပြု၍ ပစ်ခတ်နိုင်ကြောင်းသိ၇သည်။

 

ယင်းအမြောက်ကျည်၏စွမ်းရည်မှာ အမြောက်ပစ်ခတ်လိုက်သည့်အချိန်တွင် အကာအကွယ်ယူရန်နှင့် ပစ်မှတ် နယ်မြေမှ ထွက်ပြေးရန် ခက်ခဲကြောင်း အမေရိကန်ကြည်းတပ် လက်နက်စုဆောင်းမှုထောက်ပံ့ရေးဌာနက ပြောသည်။ အမြောက်ကျည်၏ ပေါက်ကွဲမှုမှာလည်း သတ်မှတ်ထားသော ထိရောက်မှုအကွာအဝေးတွင်သာ ပေါက်ကွဲဖျက်ဆီးစေနိုင်သည့် တိကျမှုရှိကြောင်း သိရသည်။

 

ယခုအမြောက်ကျည်များ ကန်ထရိုက်အပ်နှံမှုမှာ ပထမဦးဆုံးအကြိမ်မဟုတ်ပေ။ ၂၀၂၁ ခုနှစ်အတွင်းက အမေ ရိကန်ကြည်းတပ်သည် သမရိုးကျ ၁၅၅ မမ အမြောက်ကျည်များကို GPS လမ်းညွှန်အမြောက်ကျည်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် Alliant Techsystems ကို လုပ်ငန်းအပ်နှံခဲ့ဖူုးသည်။

 

Ref: US Army Orders Raytheon Excalibur GPS-Guided Munitions

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: US Army Orders Raytheon Excalibur GPS-Guided Munitions

 

#PeopleMedia


Share this post